Image

မဂၤလာနိမိတ္

Image

စာရေးသူ Susan Wedding မှ
ဇူလိုင် 28, 2019 နေ့တွင်
ဆောင်းပါး
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

တစ္ေန႔သ၌ ကၽြႏ္ုပ္သည္ မိတ္ေဆြတစ္ဦး၏ အိမ္သစ္တက္ပြဲသို႔ ေရာက္ရွိသြားခဲ့ေလ၏။

ထိုမိတ္ေဆြမွာ အိမ္သစ္တက္ပြဲကိုသာ ျပဳလုပ္ေသာ္ျငား ၄င္း၏ အိမ္မွာ မြမ္းမံျပင္ဆင္ဖြယ္ရွိသည္ အားလံုးကို အၿပီး မသတ္ရေသးေသာေၾကာင့္ လက္သမားအခ်ိဳ႕၊ ပန္းရန္ဆရာအခ်ိဳ႕၊ ေဆးသုတ္သမားအခ်ိဳ႕မွာလည္း အလုပ္၀င္ေနဆဲ ျဖစ္သည္ကို ေတြ႕ရေလ၏။

ကၽြႏ္ုပ္ႏွင့္ ကၽြႏ္ုပ္၏ မိတ္ေဆြ ျဖစ္သူတို႔သည္ ၄င္း၏ အိမ္ေရွ႕ရွိ ခံုတန္းကေလးေပၚတြင္ ထိုင္ရင္းေရာက္တတ္ရာရာ – စကားမ်ားကို ေျပာဆိုေနခဲ့ၾကေလ၏။ ထိုသို႔ ေျပာဆိုၾကရင္း ကၽြႏ္ုပ္၏ မ်က္လံုးအစံုတို႔သည္ မ်က္ႏွာခ်င္းဆိုင္ အိမ္ဘက္ဆီသို႔ ေရာက္ရွိသြားခဲ့ေလ၏။ ကၽြႏ္ုပ္က –

“ကိုျမေသာင္းေရ . . . .မၾကာခင္မွာ ေဟာဟို အိမ္ေရွ႕အိမ္မွာ အလွဴပြဲတို႔၊ မဂၤလာပြဲတို႔ ျဖစ္လာေတာ့မွာဗ်၊ မဟုတ္မွလြဲေရာ အဲဒီအိမ္မွာ အပ်ိဳေပါက္အရြယ္ ေကာင္မေလးတစ္ေယာက္ကို လွမ္းၿပီးျမင္လိုက္တယ္။ အဲဒီေကာင္မေလးရဲ႕ မဂၤလာကိစၥေတာင္ ျဖစ္ႏိုင္တယ္ဗ် . . . .” ဟုေျပာလိုက္ရာ ကၽြႏ္ုပ္၏ မိတ္ေဆြႀကီး ကိုျမေသာင္းက –

“အဲဒါေတာ့့ ေဗဒင္ဆရာလြဲၿပီထင္တယ္၊ အဲဒီေကာင္မေလးက ေတာ္ေတာ္ငယ္ပါေသးတယ္။ အခုမွ ဆယ္တန္းေအာင္ၿပီးတာဗ် . . . . ၿပီးေတာ့ သူ့မိဘေတြကလည္း အအုပ္အထိန္း ေကာင္းၾကတယ္။ ေကာင္မေလးမွာ ရည္းစားသနာရွိတယ္လို႔လည္း အသံမၾကားမိေပါင္ဗ်ာ . . . ” ဟု ကြမ္းကို ၿမံဳ႕ရင္းၿပံဳးစစျဖင့္ ေျပာေလ၏။ ထို႔ေၾကာင့္ ကၽြႏ္ုပ္ကလည္း-

“ေအးဗ်ာ . . . က်ဳပ္ကလည္း က်ဳပ္ရဲ႕ပညာအရ ေျပာစရာရွိတာ ေျပာရတာပါ။ က်ဳပ္ေျပာတဲ့အတိုင္း ျဖစ္လာမလာကေတာ့ ေငြေရာင္ပိတ္ကားေပၚမွာ ေစာင့္ၾကည့္ဖို႔ပဲေပါ့ဗ်ာ . . .” ဟုျပန္၍ ေျပာလိုက္ရေလ၏။

ထို႔ေနာက္တြင္ကား ကၽြႏ္ုပ္သည္ မိတ္ေဆြႀကီး ကိုျမေသာင္း၏ အိမ္သစ္ႏွင့္ ပတ္သက္၍ မွာၾကားစရာရွိသည္မ်ားကို မွာၾကားၿပီးေနာက္ ျပန္လာခဲ့ေလေတာ့၏။

အထက္ပါ အျဖစ္အပ်က္မ်ား ျဖစ္ပြားၿပီး (၃)ပတ္နီးပါးခန္႔ ၾကာေသာအခါတြင္ ကၽြႏ္ုပ္၏ မိတ္ေဆြႀကီး ကိုျမေသာင္းသည္ နံနက္ေစာေစာစီးစီး ကၽြႏ္ုပ္ထံသို႔ ေရာက္ရွိလာေလ၏။

ၿပီးေနာက္ ႏွစ္ဦးသားသည္ လမ္းထိပ္ရွိ လက္ဖက္ရည္ဆိုင္သို႔ သြား၍ လက္ဖက္ရည္ ေသာက္ၾကေလ၏။ ထိုသို႔ လက္ဖက္ရည္ေသာက္ၾကရင္း မိတ္ေဆြႀကီး ကိုျမေသာင္းက –

“ေဗဒင္ဆရာကိုေတာ့ ေတာင္းပန္စကား ဆိုရဦးမယ္ဗ်ိဳ႕ . . .ခင္ဗ်ာေျပာခဲ့တဲ့ အတိုင္းပဲ အိမ္ေရွ႕အိမ္က ေကာင္မေလး ေယာက်ာ္းေနာက္ လိုက္ေျပးလို႔ ျပႆနာေတြျဖစ္ၾကတယ္။ အခုေတာ့ . . . ႏွစ္ဖက္မိဘေတြ ညိွႏိႈင္းၿပီး ေျပေျပလည္လည္နဲ႔ မၾကာခင္ မဂၤလာပြဲက်င္းပမတဲ့ဗ်ိဳ႕ . . . . . ၊ က်ဳပ္ကိုလည္း ရပ္မိရပ္ဖဆိုၿပီး တိုင္ပင္ၾကလို႔ က်ဳပ္လည္း သိခြင့္ရတာ . . . ” ဟုေျပာေလေတာ့ရာ ကၽြႏ္ုပ္လည္း လက္ဖက္ရည္ကို တစ္က်ိဳက္မွ် ေမာ့လိုက္ၿပီးေနာက္ ၿပံဳးေနလိုက္ေလ၏။ ထိုအခါ မိတ္ေဆြႀကီး ကိုျမေသာင္းက –

“ေနစမ္းပါဦးဗ် . . . ခင္ဗ်ားတို႔ပညာက အေတာ္ဟုတ္တာပဲ၊ သူတို႔ ကိန္းခန္းေတြကိုလည္း မတြက္မခ်က္ပဲနဲ႔ ဘယ္လိုမ်ား သိေနတာလဲဗ်ာ၊ အၾကားအျမင္မ်ားရေလေရာ့သလား . . . . ” ဟုသိလိုေဇာျဖင့္ ေမးေလေတာ့၏။ ထို႔ေၾကာင့္ ကၽြႏ္ုပ္က –

“ဒီလိုပါဗ်ာ . . . . က်ဳပ္တို႔ဆရာႀကီး ေျပာျပခဲ့ဖူးတဲ့ ပညာခန္းေလးတစ္ခုပါ၊ ကိုယ့္ေရွ႕က အိမ္ေတြ၊ အေဆာက္အဦးေတြမွာ ေဆးသုတ္တဲ့နိမိတ္ ႀကံဳရင္ ကိုယ္ဆီမွာ အလွဴပြဲ၊ မဂၤလာပြဲ၊ ပြဲလမ္းသဘင္လာၿပီး ႀကံဳတတ္တယ္ဗ်ိဳ႕  . . .။

အဲဒီေတာ့ . . . ခင္ဗ်ား အိမ္မွာက ေဆးေတြသုတ္ေနေလေတာ့ ဟိုဘက္အိမ္မွာေတာ့ မၾကာခင္ ပြဲလမ္းသဘင္ ႀကံဳေတာ့မွာပဲလို႔ နိမိတ္ပတ္လိုက္တာပါဗ်ာ . . . ” ဟုျပန္၍ ေျပာလိုက္ရာ မိတ္ေဆြႀကီး ကိုျမေသာင္းလည္း ေခါင္းကိုတြင္တြင္ ညိတ္ရင္း –

“ေၾသာ္ . . . . သူ့ပညာနဲ႔ သူေတာ့ ဟုတ္ေနတာပဲေနာ္ . . .” ဟု ေက်ေက်နပ္နပ္ႀကီး ေရရြတ္ေနပါေလေတာ့သတည္း . . . .။

 

သေဗၺဓမၼာ

Unicode ျဖင့္ဖတ္ရန္

မဂၤလာနိမိတ္

တစ်နေ့သ၌ ကျွန်ုပ်သည် မိတ်ဆွေတစ်ဦး၏ အိမ်သစ်တက်ပွဲသို့ ရောက်ရှိသွားခဲ့လေ၏။
ထိုမိတ်ဆွေမှာ အိမ်သစ်တက်ပွဲကိုသာ ပြုလုပ်သော်ငြား ၎င်း၏ အိမ်မှာ မွမ်းမံပြင်ဆင်ဖွယ်ရှိသည် အားလုံးကို အပြီး မသတ်ရသေးသောကြောင့် လက်သမားအချို့၊ ပန်းရန်ဆရာအချို့၊ ဆေးသုတ်သမားအချို့မှာလည်း အလုပ်ဝင်နေဆဲ ဖြစ်သည်ကို တွေ့ရလေ၏။
ကျွန်ုပ်နှင့် ကျွန်ုပ်၏ မိတ်ဆွေ ဖြစ်သူတို့သည် ၎င်း၏ အိမ်ရှေ့ရှိ ခုံတန်းကလေးပေါ်တွင် ထိုင်ရင်းရောက်တတ်ရာရာ – စကားများကို ပြောဆိုနေခဲ့ကြလေ၏။ ထိုသို့ ပြောဆိုကြရင်း ကျွန်ုပ်၏ မျက်လုံးအစုံတို့သည် မျက်နှာချင်းဆိုင် အိမ်ဘက်ဆီသို့ ရောက်ရှိသွားခဲ့လေ၏။ ကျွန်ုပ်က –
“ကိုမြသောင်းရေ . . . .မကြာခင်မှာ ဟောဟို အိမ်ရှေ့အိမ်မှာ အလှူပွဲတို့၊ မင်္ဂလာပွဲတို့ ဖြစ်လာတော့မှာဗျ၊ မဟုတ်မှလွဲရော အဲဒီအိမ်မှာ အပျိုပေါက်အရွယ် ကောင်မလေးတစ်ယောက်ကို လှမ်းပြီးမြင်လိုက်တယ်။ အဲဒီကောင်မလေးရဲ့ မင်္ဂလာကိစ္စတောင် ဖြစ်နိုင်တယ်ဗျ . . . .” ဟုပြောလိုက်ရာ ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုမြသောင်းက –
“အဲဒါတော့ ဗေဒင်ဆရာလွဲပြီထင်တယ်၊ အဲဒီကောင်မလေးက တော်တော်ငယ်ပါသေးတယ်။ အခုမှ ဆယ်တန်းအောင်ပြီးတာဗျ . . . . ပြီးတော့ သူ့မိဘတွေကလည်း အအုပ်အထိန်း ကောင်းကြတယ်။ ကောင်မလေးမှာ ရည်းစားသနာရှိတယ်လို့လည်း အသံမကြားမိပေါင်ဗျာ . . . ” ဟု ကွမ်းကို မြုံ့ရင်းပြုံးစစဖြင့် ပြောလေ၏။ ထို့ကြောင့် ကျွန်ုပ်ကလည်း-
“အေးဗျာ . . . ကျုပ်ကလည်း ကျုပ်ရဲ့ပညာအရ ပြောစရာရှိတာ ပြောရတာပါ။ ကျုပ်ပြောတဲ့အတိုင်း ဖြစ်လာမလာကတော့ ငွေရောင်ပိတ်ကားပေါ်မှာ စောင့်ကြည့်ဖို့ပဲပေါ့ဗျာ . . .” ဟုပြန်၍ ပြောလိုက်ရလေ၏။
ထို့နောက်တွင်ကား ကျွန်ုပ်သည် မိတ်ဆွေကြီး ကိုမြသောင်း၏ အိမ်သစ်နှင့် ပတ်သက်၍ မှာကြားစရာရှိသည်များကို မှာကြားပြီးနောက် ပြန်လာခဲ့လေတော့၏။
အထက်ပါ အဖြစ်အပျက်များ ဖြစ်ပွားပြီး (၃)ပတ်နီးပါးခန့် ကြာသောအခါတွင် ကျွန်ုပ်၏ မိတ်ဆွေကြီး ကိုမြသောင်းသည် နံနက်စောစောစီးစီး ကျွန်ုပ်ထံသို့ ရောက်ရှိလာလေ၏။
ပြီးနောက် နှစ်ဦးသားသည် လမ်းထိပ်ရှိ လက်ဖက်ရည်ဆိုင်သို့ သွား၍ လက်ဖက်ရည် သောက်ကြလေ၏။ ထိုသို့ လက်ဖက်ရည်သောက်ကြရင်း မိတ်ဆွေကြီး ကိုမြသောင်းက –
“ဗေဒင်ဆရာကိုတော့ တောင်းပန်စကား ဆိုရဦးမယ်ဗျို့ . . .ခင်ဗျာပြောခဲ့တဲ့ အတိုင်းပဲ အိမ်ရှေ့အိမ်က ကောင်မလေး ယောကျာ်းနောက် လိုက်ပြေးလို့ ပြဿနာတွေဖြစ်ကြတယ်။ အခုတော့ . . . နှစ်ဖက်မိဘတွေ ညှိနှိုင်းပြီး ပြေပြေလည်လည်နဲ့ မကြာခင် မင်္ဂလာပွဲကျင်းပမတဲ့ဗျို့ . . . . . ၊ ကျုပ်ကိုလည်း ရပ်မိရပ်ဖဆိုပြီး တိုင်ပင်ကြလို့ ကျုပ်လည်း သိခွင့်ရတာ . . . ” ဟုပြောလေတော့ရာ ကျွန်ုပ်လည်း လက်ဖက်ရည်ကို တစ်ကျိုက်မျှ မော့လိုက်ပြီးနောက် ပြုံးနေလိုက်လေ၏။ ထိုအခါ မိတ်ဆွေကြီး ကိုမြသောင်းက –
“နေစမ်းပါဦးဗျ . . . ခင်ဗျားတို့ပညာက အတော်ဟုတ်တာပဲ၊ သူတို့ ကိန်းခန်းတွေကိုလည်း မတွက်မချက်ပဲနဲ့ ဘယ်လိုများ သိနေတာလဲဗျာ၊ အကြားအမြင်များရလေရော့သလား . . . . ” ဟုသိလိုဇောဖြင့် မေးလေတော့၏။ ထို့ကြောင့် ကျွန်ုပ်က –
“ဒီလိုပါဗျာ . . . . ကျုပ်တို့ဆရာကြီး ပြောပြခဲ့ဖူးတဲ့ ပညာခန်းလေးတစ်ခုပါ၊ ကိုယ့်ရှေ့က အိမ်တွေ၊ အဆောက်အဦးတွေမှာ ဆေးသုတ်တဲ့နိမိတ် ကြုံရင် ကိုယ်ဆီမှာ အလှူပွဲ၊ မင်္ဂလာပွဲ၊ ပွဲလမ်းသဘင်လာပြီး ကြုံတတ်တယ်ဗျို့ . . .။
အဲဒီတော့ . . . ခင်ဗျား အိမ်မှာက ဆေးတွေသုတ်နေလေတော့ ဟိုဘက်အိမ်မှာတော့ မကြာခင် ပွဲလမ်းသဘင် ကြုံတော့မှာပဲလို့ နိမိတ်ပတ်လိုက်တာပါဗျာ . . . ” ဟုပြန်၍ ပြောလိုက်ရာ မိတ်ဆွေကြီး ကိုမြသောင်းလည်း ခေါင်းကိုတွင်တွင် ညိတ်ရင်း –
“သြော် . . . . သူ့ပညာနဲ့ သူတော့ ဟုတ်နေတာပဲနော် . . .” ဟု ကျေကျေနပ်နပ်ကြီး ရေရွတ်နေပါလေတော့သတည်း . . . .။

သဗ္ဗေဓမ္မာ

ကဏ္ဍအလိုက် ဖတ်ရှုရန်

လူကြည့်များသော ဆောင်းပါးများ

ဆက်စပ် ဆောင်းပါးများ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ သတို႔သားသတို႔သမီးေတြအတြက္ ခန္းမေ…

မဂၤလာရာသီအၾကိဳ မီလီယာ (Meliá Yangon) ရဲ႕ အထူးလက္ေဆာင္

မဂၤလာရာသီအၾကိဳ မီလီယာ (Meliá Yangon) ရဲ႕ အထူးလက္ေဆာင္

မဂၤလာပြဲတစ္ခုဆိုတာ မဂၤလာေမာင္ႏွံတစ္စံုအတြက္ အထူးအေရးပါတဲ့ အခမ္းအနားပြဲၾကီးတစ္ခု ျဖစ္ပါတယ္… ခ်စ…

မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု

မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု

မင်္ဂလာသတို့သားသတို့သမီးတို့အတွက် မင်္ဂလာပွဲတစ်ခုစီစဉ်ဖို့ရာ အဓိက အကျဆုံးက မင်္ဂလာရက်မြတ်သတ်မှတ်ခြင်…

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

Chatrium Hotel Royal Lake Yangon မှာ မင်္ဂလာဆောင်ခြင်းဖြင့် တစ်သက်တာ မေ့မရနိုင်သော ပျော်ရွှင်မှု အမှ…

လအလိုက်ကြည့်ရှုရန်