Image

သတို့သားလောင်းတွေအတွက် ပွဲနေ့မှာ ဆောင်ရန် ရှောင်ရန် 

Image

စာရေးသူ Susan Wedding မှ
ဇန်နဝါရီ 18, 2020 နေ့တွင်
Wedding Planing Tips
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

သတို့သားလောင်းတွေအတွက် ပွဲနေ့မှာ ဆောင်ရန် ရှောင်ရန် 

မကြာခင်မှာပဲ ပွဲနေ့ကြီးကို ရင်ဆိုင်ကြရတော့မှာ ဖြစ်တဲ့ သတို့သားလောင်းတွေအတွက် အကြံလေး ပေးချင်ပါတယ်။ မင်္ဂလာဆောင် မတိုင်ခင်ရက်တွေမှာ သတို့သမီးကိုပဲ သင်ကိုယ်တိုင်ကသာမက အားလုံးကပါ အာရုံစိုက်နေတာကို သင်ခံစားမိမှာပါ။ ဒါပေမယ့် ဒီပွဲက သင်ကိုယ်တိုင် အဓိကနေရာက ပါဝင်ရမယ့် ပွဲလည်းပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် သင်လည်း အကောင်းဆုံးတွေ ပြင်ဆင်ဖို့လိုပါတယ်။ အတွေ့အကြုံရှိပြီးသားဖြစ်သွားတဲ့ သတို့သားတွေ ဆီကနေ လေ့လာပြီး ဘာတွေ လိုအပ်တယ်၊ ဘာတွေ သိထားသင့်တယ်ဆိုတာကို ဖော်ပြပေးသွားပါမယ်။

(၁) ကိုယ့်အတွက် အချိန်ပေးပါ
သတို့သားတစ်ဦးကတော့ အကြံပေးပါတယ်။ မင်္ဂလာပွဲမစမီမှာ ကိုယ့်အတွက် အချိန်တစ်ခု ရှိပါစေတဲ့။
စိတ်ရှုပ်စရာအတွေးတွေ ရှိနေရင် အဝေးကို ပို့ပါ။ မကြာမီကျင်းပတော့မယ့် ပွဲမှာ သင်ဟာ အရင်းနှီးဆုံးမိတ်ဆွေ သူငယ်ချင်းတွေ၊ ဆွေမျိုးတွေနဲ့ အတူ ရှိနေမှာပါ။ ပြန်မရနိုင်တဲ့ပျော်ရွှင်စရာအချိန်တွေကို အမိအရမှတ်တမ်းတင်တဲ့ အခါတိုင်းမှာ သင် ပြုံးနေဖို့လိုပါတယ်။ စောစောထရမယ်ဆိုရင်တောင် စောစောထပြီး အချိန်ယူပါ မကြာခင်မှာ သင်ဟာ ခင်ပွန်းကောင်း တစ်ယောက်အဖြစ် ရောက်တော့မယ.်ဆိုတာကို သတိရပါ လို့အကြံပေးထားပါတယ်။

(၂) အပြုံး
ဟုတ်ပါတယ်။ အပြုံးက နေရာတိုင်းမှာ အရေးကြီးပါတယ်။ သတို့သားတစ်ယောက်အတွက်ကတော့ အပြုံးက ရက်ရက်ရောရောကြီးကို ပေးရမယ့်အရာပါ။ ဓါတ်ပုံရိုက်လည်း ပြုံးရမယ်၊ ဧည့်သည်တွေ အတွက် လည်း ပြုံးရမယ်၊ ပြုံးရလွန်းလို့ ညောင်းတဲ့အထိ ပြုံးရမှာပါ။ ပြုံးတတ်အောင်လည်း အခုကတည်းက လေ့ကျင့် ထားပါ။ ကိုယ့်ပွဲမှာ ကိုယ်က တည်တည်ကြီးနဲ့ဆိုရင်တော့ မကောင်းပါဘူးနော်။

(၃) အစားစားဖို့ မမေ့ပါနဲ့
ပွဲနေ့မှာသင်က ဟိုပြေးသည်ပြေးနဲ့ အလုပ်များကောင်းများနေပါလိမ့်မယ်။ ဒါပေမယ့် တစ်ခုခုစားပြီး ဗိုက်ဖြည့်ထားဖို့တော့ မမေ့ပါနဲ့နော်။ ပွဲအချိန်အတွင်းမှာ ဗိုက်ဆာတာရယ် ၊ ဧည့်သည်တွေကို ဧည့်ခံ၇တာရယ်က သင့်ကို စိတ်ကျဉ်းကြပ်စရာဖြစ်စေပါလိမ့်မယ်။ ဒါ့ကြောင့် ပွဲမတိုင်မီ အစားစားဖို့ သတိပေးနေမယ့် သူတစ်ယောက်လောက် သင့်အနားမှာ ထားဖို့တော့လိုပါတယ်။

(၄) အစီအစဉ်ကိုလိုက်နာပါ။
သင်တို့နှစ်ဦး လပေါင်းများစွာ စီစဉ်ထားတဲ့ အရာတွေကို ပြောင်းလဲဖို့ မကြိုးစားပါနဲ့။ ကိုယ် စီစဉ်ထားတဲ့ အစီအစဉ် အတိုင်းသာဆက်လိုက်သွားပါ။ နောက်ဆုံးအချိန်မှာ ကပ်ပြီး စီစဉ်လိုက်တဲ့ အရာတွေက များသောအားဖြင့် မလွယ်ကူနိုင်ပါဘူး။ အစီအစဉ်တကျ မဖြစ်လာတဲ့အခါ စိတ်ရှုပ်စရာဖြစ်ရပါမယ်။ ပျော်စရာမကောင်းတော့ဘူးပေါ့။ ဒါ့ကြောင်း ပွဲချိန်နားကပ်မှ ဆုံးဖြတ်ချက်တွေကို မပြင်ပါနဲ့။

(၅) အနားယူပါ
နောက်ဆုံးတစ်ချက်ကတော့ အနားယူပါ။ ပွဲရက်မတိုင်ခင် ညမှာ ကောင်းကောင်းအိပ်ပျော်ဖို့လိုပါတယ်။ မနက်ဖြန်အတွက် စိတ်လှုပ်ရှားတာတွေ ခဏမေ့ပြီး သက်တောင့်သက်သာအိပ်ပျော်ဖို့ ကြိုးစားပါ။ ဒါမှသာ မနက်ဖြန် သင့်ပွဲမှာ သင်ဟာ အားအင်အပြည့်နဲ့ အကောင်းဆုံး ဆင်နွှဲနိုင်မှာပါ။
ဒီအခြေခံအချက်လေးတွေက သင်ရဲ့ ပွဲနေ့မှာ အကျိုးရှိစေလိမ့်လို့ မျှော်လင့်မိပါတယ်။

ကဏ္ဍအလိုက် ဖတ်ရှုရန်

လူကြည့်များသော ဆောင်းပါးများ

ဆက်စပ် ဆောင်းပါးများ

COVID- 19 ရောဂါကြောင့် သင်တို့ရဲ့ မင်္ဂလာပွဲကို ဘယ်လိုလုပ်သင့်လဲ???

COVID- 19 ရောဂါကြောင့် သင်တို့ရဲ့ မင်္ဂလာပွဲကို ဘယ်လိုလုပ်သင့်လဲ???

သင်တို့ရဲ့ မင်္ဂလာပွဲက အားလုံးစီစဉ်ပြီးနေပြီ ဒါပေမယ့် COVID-19 ကြောင့် သင့်ရဲ့ မင်္ဂလာပွဲကို ရွှေ့ဆိ…

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ သတို့သားသတို့သမီးတွေအတွက် ခန်းမေ…

မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု

မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု

မင်္ဂလာသတို့သားသတို့သမီးတို့အတွက် မင်္ဂလာပွဲတစ်ခုစီစဉ်ဖို့ရာ အဓိက အကျဆုံးက မင်္ဂလာရက်မြတ်သတ်မှတ်ခြင်…

အထူးပရိုမိုးရှင်းတွေနဲ့ အတူ ရှိနေမယ့် Romance by Melia

အထူးပရိုမိုးရှင်းတွေနဲ့ အတူ ရှိနေမယ့် Romance by Melia

MELIA Yangon Hotel  ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ မင်္ဂလာမေ…

လအလိုက်ကြည့်ရှုရန်