Real Wedding

Image

ချစ်ခြင်းများဖြင့် …………

Image

စာရေးသူ Susan Wedding မှ
ဇူလိုင် 29, 2017 နေ့တွင်
Real Weddingဆောင်းပါး
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

ကျွန်မတို့မိန်းကလေးတွေမှာ အရမ်းလှတဲ့ ချစ်စရာကောင်းတဲ့ စိတ်ကူးအိပ်မက်လေးတွေရှိကြပါတယ်။ အဲဒါကတော့ တစ်သက် မှာတစ်ခါသာကြုံတွေ့ရမယ့် မင်္ဂလာပွဲလေးမှာအလှဆုံးဖြစ်ချင်ကြတာပါ။ နောက်တစ်ခုကတော့ ချစ်သူနဲ့အတူတူ ပြန်ကြည့်လိုက် တဲ့အချိန်တိုင်း အမှတ်ရနေမယ့် အကောင်းဆုံးဓါတ်ပုံလေးတွေ ရိုက်ကူးချင်ကြတာပါ။ အခုပြောပြမယ့်အကြောင်းအရာတွေက ဗီယက်နမ်မှာ Prewedding ရိုက်ကူးချင်ကြတဲ့ စုံတွဲတွေအတွက် အကူအညီ ဖြစ်လိမ့်မယ်ထင်ပါတယ်။ ဒါ့ကြောင့် ဗီယက်နမ်မှာ Preweddingသွားရောက်ရိုက်ကူးခဲ့တဲ့ ကိုသူရထွန်းနဲ့မစိုးသီရိဖြိုးတို့ရဲ့ အတွေ့အကြုံတွေ အမှတ်တရတွေကို Susan’s Weddings (Myanmar)ရဲ ့ပရိတ်သတ်ကြီးကို ဝေမျှပေးလိုက်ပါတယ်။

သတို့သမီးလောင်းလေး မစိုးသီရိဖြိုးနဲ ့စကားစမြည်ပြောဖြစ်တာကတော့ ” အမတို့ ဗီယက်နမ်မှာ Prewedding သွားရိုက်ကူးဖြစ်တာက Facebook Page တွေမှာတွေ့တယ်။ နောက်ပြီး ကိုယ်ကလည်း တစ်ခါမှမရောက်ဖူးသေးတာနဲ့ အလည်သွားရင်းနဲ့ရိုက်ဖို့ စိတ်ကူးဖြစ်ခဲ့တာပါ။ အမတို့ Prewedding ကို ဒါနန်းမှာရိုက်ကူးခဲ့ ပါတယ်။ သူတို့ကတော့ စရံအရင်ကြိုတောင်းတယ်။ ဒါပေမယ့်အမတို့ကတော့ Confirm ဖြစ်တယ်ဆိုပြီး ဟိုရောက်တော့မှ တစ်ခါတည်း စီစဉ်ဖြစ်ခဲ့တာ။ အမတို့သွားခဲ့တာက ၁ဝ ရက်နေ့ကနေ ၁၃ ရက်နေ့ထိပေါ့နော်။ ၁ဝရက်နေ့ညရောက်တယ်။ ၁၁ရက် နေ့မှာ သွားတွေ့ပြီး အကျီင်္ရွေးပြီး အစမ်းဝတ်ကြည့်ခဲ့တယ်။ ၁၂ရက်နေ့မှာတော့ လျှောက်လည်ပြီး ၁၃ရက်နေ့မှာ ရိုက်ကူးရေးလုပ်ခဲ့တယ်။ ၁၄ရက်နေ့ကျတော့ ပြန်လာတယ်ပေါ့နော်။

Prewedding အတွက်အမက အဲ့မှာရှိတဲ့ Package တွေထဲကပဲVIP ကိုယူခဲ့တယ်။ VIP Package အတွက်က Wedding Wedding Dress ၂စုံရတယ်။ ရိုးရိုး Package ကကျတော့ Wedding Dress ၃ စုံပေးတယ်။ casual ကတစ်စုံပေးတယ်။ သတို့သားလောင်းက ၂စုံ ရတယ်ပေါ့။ အမတို့ယူတဲ့ Package က ဒေါ်လာ ၇၀ဝ ပေးရတယ်။ ရိုက်တော့လည်း ကိုယ်ရိုက်ကူးချင်တဲ့နေရာကို သူတို့တွေကို ပြောပြပြီးတော့ ကားကိုလည်းသူတို့ပဲ စီစဉ်ပေးတယ်။ ဒါပေမယ့် ကားခနဲ့ဝင်ကြေးတွေကတော့ ပေးခဲ့ရတယ်ပေါ့နော်။ အမတို့ ရိုက်ကူးခဲ့တဲ့ Studioက Tuarts Wedding Studioပါ။ ဓါတ်ပုံတွေကတော့ Raw နဲ့တစ်ခါတည်းရတယ်။ Edit လုပ်ပြီးသားပုံကတော့ ၈ဝ ရပါတယ်။ ဒါပေမယ့် ၃ပတ်တော့ စောင့်ရတယ်။

တော်တော်လေးပျော်ခဲ့ရပါတယ်။ အမှတ်တရတွေကတော့ များပါတယ်။ အမတို့ Prewedding ရိုက်ခဲ့တဲ့နေရာတွေက Tour Attraction နေရာတွေဆိုတော့ လူတွေအများကြီးက ဝိုင်းပြီးဂုဏ်ပြုပေးကြတာမျိုးတို့ post မလုပ်တတ်လို့ သူတို့ကအစမ်းလုပ်ပြတာတွေကို ကြည့်ပြီး လိုက်လုပ်ရင်းပျော်ခဲ့ရတာတို့ တော်တော်များများရှိပါတယ်။ အခက်အခဲကတော့ ဘာသာစကားပေါ့။သူတို့က English သိပ်မရတဲ့အတွက် ပြောရတာအဆင်မပြေတော့ဖြစ်တယ်ပေါ့နော်။ ကျန်တာတွေကတော့အဆင်ပြေခဲ့ပါတယ်။ အမတို့က ကိုယ့်အစီအစဉ်နဲ့ကိုယ်စီစဉ်ပြီးသွားခဲ့တာဆိုတော့ အကုန်အကျတွေမများခဲ့ပါဘူး။ ဗီယက်နမ်က Viewလေးတွေလည်းလှတယ်။ အလည်လည်းရောက်ဖူးသွားတယ်၊ ဈေးနှုန်းအနေနဲ့ကလည်း တန်တဲ့အတွက် ဗီယက်နမ်မှာ Prewedding သွားရိုက်ဖို့ စိတ်ကူးထားတဲ့စုံတွဲတွေဆိုရင် ပေးရတာထက်ပိုပြီးစိတ်ကျေနပ်မူရစေတယ် လို့ပြောချင်ပါတယ်လို ့ Susan’s Weddings (Myanmar) ကို သတို့သမီးလောင်း မစိုုးသီရိဖြိုးက ပြောပြပါတယ်။

ကဲ အခုဆိုရင်တော့ ဗီယက်နမ် မှာ Prewedding ရိုက်ကူးချင်ကြတဲ့မောင်မယ်တွေအနေနဲ့ ကိုယ့်ရဲ့စိတ်ကူးကိုအကောင်အထည် ဖော်တဲ့အခါမှာ လိုအပ်တာလေးတွေ၊ ပြင်ဆင်ရမှာလေးတွေ နဲ့ ကုန်ကျစရိတ်တွေအကြောင်းကို အနည်းအကျဉ်းလောက်သိရှိနိုင် လောက်ပြီထင်ပါတယ်။ အခုလိုမျိုး ဗီယက်နမ်မှာ Prewedding ရိုက်တဲ့အချိန်ကြုံတွေ့ရတဲ့ အမှတ်တရ အဖြစ်အပျက်တွေနဲ့ လှပတဲ့ဓါတ်ပုံလေးတွေကို ပြန်လည်ဝေမျှပေးခဲ့တဲ့ ကိုသူရထွန်းနဲ့မစိုးသီရိဖြိုးတို့ကိုလည်း ကျေးဇူးအထူး တင်ပါတယ်လို့ပြောရင်းနဲ့  Susan’s Weddings (Myanmar) စာဖတ်ပရိတ်သတ်တွေလည်း ပျော်ရွှင်စရာအမှတ်တရတွေကိုချစ်သူနဲ့ အတူတူဖန်တီးနိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Copyright © Susan’s Weddings (Myanmar) မှတင်ဆက်ပါသည်။

ကဏ္ဍအလိုက် ဖတ်ရှုရန်


ချိုမြိန်တဲ့အမှတ်တရပေါင်းများစွာ ထင်ကျန်နေတဲ့ မင်္ဂလာဧည့်ခံပွဲလေးကတော့ ဒေါက်တာလွင်မောင်နဲ့ မနှင်းဝေလွင် တို့ရဲ့ ကြည်နူးစရာ မင်္ဂလာအခမ်းအနားလေးပါ။ ထာဝရစိုပြေလန်းဆန်းနေမယ့်အချစ်တွေကို ကိုယ်စားပြုတဲ့ အစိမ်းရောင် Garden Theme လေးကို ရွေးချယ်ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် မင်္ဂလာပွဲမှာ အစိမ်းရောင်အနုနဲ့အရင့်တွေကို ရောယှက်မြင်တွေ့ ရမှာဖြစ်ပါတယ်။ သတို့သမီးလေးရဲ့လှပကျော့ရှင်းတဲ့ မင်္ဂလာဝတ်စုံနဲ့အတူ အရံလေးများရဲ့ဝတ်စုံများကိုပါ ဒီဇိုင်နာစန္ဒီလင်းနိုင်က ဖန်တီးချုပ်လုပ်ပေးထားပါတယ်။ အရံလေးများရဲ့ဝတ်စုံဒီဇိုင်းများကိုလည်း တစ်ဦးနဲ့တစ်ဦးကွဲပြားအောင် ဖန်တီးပေးထားပြီး ဦးခေါင်းမှာ တပ်ဆင်ဖို့ Hair Pieceကိုပါ ဝတ်စုံဒီဇိုင်နာကပဲ တီထွင်ပေးထားတာပါ။ မိတ်ကပ်နှင့်ဆံပင်ကိုတော့ မေဦးက အလှဆုံးဖြစ်အောင်တာဝန်ယူထားပြီး မှတ်တမ်းတင်ဓါတ်ပုံကတော့ Love Diary ဖြစ်ပါတယ်။ ပွဲတစ်ခုလုံးရဲ့ ခမ်းနားတဲ့ အပြင်အဆင်ကတော့ S&S (Events & Floral)မှဖြစ်ပြီး မင်္ဂလာပွဲကြီးတစ်ခုလုံးအတွက် Romantic Wedding Planner Groupက တာဝန်ယူစီစဉ်ပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

မင်္ဂလာပွဲတစ်ခုလုံးကို အစိမ်းရောင်လေးတွေ လွှမ်းစေချင်တာကတော့ သတို့သမီးရဲ့ စိတ်ကူးလေးပါ။ နောက်ပြီး မင်္ဂလာပွဲမှာ ထူးခြားတာလေးက မင်္ဂလာအချိန်ရောက်လို့ ရှေ့တော်ပြေးက ဦးဆောင်ပြီး ပွဲထွက်လာတဲ့အခါမှာ သတို့သားနဲ့ သတို့သမီး ဘယ်တော့များ ထွက်လာမလဲဆိုတာကို ပရိသတ်ကြီးက ငေးမောစောင့်စားရတာပါ။ Here comes the Bride သီချင်းလေးကို တယောဆရာများက တီးခတ်ပေးလိုက်စဉ်မှာပဲ ချစ်စရာကောင်းတဲ့စုံတွဲ(၃)တွဲက ပန်းကြဲရင်း Couple Dance လေးနဲ့ပါဖျော်ဖြေရင်းထွက်လာပြီး အဲဒီနောက်ကမှ မင်္ဂလာမောင်နှံက ကျော့ရှင်းလှပစွာတစ်လှမ်းချင်းလှမ်းလာတာဖြစ်တာမို့ အရမ်းကိုကြည်နူးစရာမြင်ကွင်းလေးပါ။ ပန်းကြဲနဲ့အကတွဲဖက်ထားတဲ့ စိတ်ကူးဆန်းဆန်းလေးကို ဧည့်ပရိသတ်တွေကလည်း နှစ်ခြိုက်အားပေးခဲ့ကြပါတယ်။ မင်္ဂလာမောင်နှံစုံတွဲက လျှောက်လမ်းရဲ့တဝက်ကျော်ထိရောက်သွားချိန်မှာတော့ တယော ဆရာများက သီချင်းရဲ့ Tempoကိုမြှင့်ပြီး တီးခတ်ပေးလိုက်တာကြောင့် ပိုပြီးပျော်ရွှင်ကြည်နူးသွားစေပါတယ်။ စင်မြင့်ပေါ်ရောက်ချိန်မှာတော့ အင်မတန်လှပတဲ့ မင်္ဂလာစင်မြင့်ဒီဇိုင်းအပြင်အဆင်နဲ့ မင်္ဂလာမောင်နှံတို့ရဲ့ပီတိအပြုံးတွေက သိပ်ကိုလိုက်ဖက်လို့နေပါတော့တယ်။ သဘာဝအစိမ်းရောင်ဥယျာဉ်ကြီးတစ်ခုထဲ ရောက်နေသွားသလိုဖြစ်အောင် မင်္ဂလာစင်မြင့်ကြီးထက်မှာ အစိမ်းရောင်တွေနဲ့သဘာဝဆန်ဆန်ဖန်တီးပြင်ဆင်ပေးထားတာမို့ ရှေ့ကရပ်နေတဲ့ အဖြူရောင်သတို့သမီးလေးရဲ့အလှကို ပိုပြီးပေါ်လွင်အောင် ပံ့ပိုးပေးပြီးသားဖြစ်သွားပါတယ်။ သဘာဝဥယျာဉ်ကြီးကို ခန်းမထဲထိ အရောက်သယ်ဆောင်ပေးလိုက်သလိုမျိုး အံ့အားသင့်ဖွယ်ဖန်တီးထားတဲ့ အခမ်းအနားအပြင်အဆင်လေးကို မြင်သူတိုင်း ငေးမောမင်သက်သွားခဲ့ကြပါတယ်။ အင်မတန်ခမ်းနားလှပတဲ့ မင်္ဂလာဧည့်ခံပွဲဖြစ်ခဲ့ပြီး နှစ်ဘက်သောမိသားစုတို့လည်း မှတ်တမ်းတင်ဓါတ်ပုံများ ပျော်ရွှင်စွာရိုက်ကူးရင်း မင်္ဂလာပွဲကြီးမှာ အတူဆင်နွှဲခဲ့ကြပါတယ်။ ဒေါက်တာလွင်မောင်နဲ့ မနှင်းဝေလွင်တို့ရဲ့မင်္ဂလာပွဲလေးက ကြည်နူးပျော်ရွှင်ဖွယ်ကောင်းပြီး ချစ်ခြင်းတွေလွှမ်းခြုံထားတဲ့မင်္ဂလာပွဲလေး ဖြစ်ခဲ့တာမို့ Susan’s Bridal Magazineကနေ ပြန်လည်ဖော်ပြပေးလိုက်ရပါတယ်။

ကဏ္ဍအလိုက် ဖတ်ရှုရန်


Image

ချစ်သူနှစ်ဦးရဲ့ မင်္ဂလာညစာ စားပွဲလေး

Image

စာရေးသူ Susan Wedding မှ
အောက်တိုဘာ 4, 2016 နေ့တွင်
Real Weddingဆောင်းပါး
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

မင်္ဂလာဧည့်ခံပွဲကို နှစ်ဖက်ဆွေမျိုး အသိုင်းအဝိုင်းတွေရှေ့ ခမ်းခမ်းနားနား ထည်ထည်ဝါဝါ ဖြစ်စေဖို့ မင်္ဂလာမောင်နှံတွေအနေနဲ့ အလေးအနက် ပြုလုပ်ရလေ့ရှိပါတယ်။ ဒါပေမယ့်လည်း မင်္ဂလာညစ ာစားပွဲလေး ကိုတော့ အခင်မင် အရင်းနှီးဆုံး သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ လွတ်လပ်ပေါ့ပါးပြီး ပျော်စရာကောင်းအောင် ပြုလုပ်ချင်ကြတာ မင်္ဂလာမောင်နှံတိုင်းရဲ့ ဆန္ဒပါပဲ။ Kandawgyi Palace Hotel ရဲ့ Pool Side မှာ ကျင်းပသွား ခဲ့တဲ့ ကိုကျော်ထက်ဇော် နဲ့ မဖြူယမင်းသူတို့ ချစ်သူနှစ်ဦးရဲ့ မင်္ဂလာညစာ စားပွဲလေးကလည်း ပျော်ရွှင်ဖွယ်အတိ ပြည့်နှက်နေခဲ့တဲ့ မင်္ဂလာညချမ်း အချိန်အခါလေး ဖြစ်ခဲ့တာမို့ Susan’s Bridal Magazine က ခုလိုသွားရောက် မေးမြန်းဖြစ်ခဲ့ပါတယ်။

Q: အရမ်းပျော်စရာကောင်းတဲ့ မင်္ဂလာညစာစားပွဲလေးကို ဘယ်လိုစိတ်ကူးတွေနဲ့ စီစဉ်ဖြစ်ခဲ့တာလဲ။

A: ကျွန်တော်တို့ရဲ့ မင်္ဂလာညစာစားပွဲကို ၃လလောက် အလိုမှာမှ စတင်စီစဉ်ဖြစ်တာပါ။ အချိန်နဲ့ရက် စီစဉ်ပြီးသွားတော့အသိ MC တွေဖြစ်တဲ့ ကိုဆန်းထွဋ်နဲ့ မဇင်မင်းတို့ဆီသွားတွေ့ပြီး တိုင်ပင်ကြည့်ကြပါတယ်။ ပထမတစ်ခေါက် ပွဲထွက်တဲ့အခါမှာတော့ သူတို့ပေးတဲ့ Ideaအတိုင်း သူငယ်ချင်းတွေကို ပွဲထွက်လျှောက်လမ်း ဘေးကနေ Party Popper လေးတွေ ဖောက်ပေးဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။
ဒုတိယအခေါက်ပွဲထွက်ကိုတော့ အမှတ်တရတစ်ခုခု ဖြစ်အောင်ဆိုပြီး သတို့သမီးနဲ့တိုင်ပင်တော့ နှစ်ယောက်လုံးက သီချင်းဆိုဝါသနာပါတဲ့သူတွေဆိုတော့ သီချင်းဆိုပြီး ပွဲထွက်ဖို့ စီစဉ်ဖြစ်ခဲ့ပါတယ်။ အစက တော့ Studio သွားပြီး ကိုယ်ဆိုထားတာကို Record လုပ်ထားပြီး ပွဲထွက်ရင် Playback ပြန်ဖွင့်ပြီး ပွဲထွက်ဖို့ လောက်ပဲ စဉ်းစားခဲ့ပေမယ် The Four Band (ဂီတမိတ်)နဲ့ တွေ့တော့ အမှတ်တရလေး ဖြစ်အောင် Live လေးဆိုပြီးထွက်ဖို့ အကြံပေးလာတာနဲ့ Live ဆိုပြီး ပွဲထွက်ဖြစ်ခဲ့ပါတယ်။

Q: ညစာစားပွဲမှာ အမှတ်တရဖြစ်နေတဲ့အရာလေးက ဘာဖြစ်မလဲ။

A: အမှတ်တရအဖြစ်ဆုံး အစီအစဉ်တစ်ခုကတော့ Dinner မတိုင်ခင်နေ့ကမှ သတို့သမီး စဉ်းစားဖြစ်တဲ့ Idea လေးပါ။ အဲဒါကတော့ သတို့သားနဲ့သတို့သမီး သီချင်းဆိုပြီး Stage ပေါ်ရောက်တာနဲ့ သူငယ်ချင်းတက် လာပြီး သတို့သား၊ သတို့သမီးတို့နဲ့အတူ မမျှော်လင့်ထားတဲ့အချိန်မှာ မမျှော်လင့်ထားတဲ့ သီချင်းမျိုးနဲ့ဟာသ ဆန်ဆန် ကကြတာပါ။ “ I Fine Thank You Love You” ဆိုတဲ့ ထိုင်းအချစ်ဟာသဇာတ်ကားလေးထဲက သီချင်းနဲ့အကလေးပါ။ တကယ့်ကိုပျော်ရွှင်စရာညလေးဖြစ်ခဲ့ပါတယ်။ အဲဒီ Idea ကိုလုပ်ဖြစ်ဖို့ အချိန်တစ်ညပဲ ရှိတာမို့သူငယ်ချင်းတွေကိုညတွင်းချင်းခေါ်ပြီး အကတိုက်ခဲ့ရတာကလည်း အရမ်းပျော်ဖို့ကောင်းတဲ့အမှတ်တရ လေးပါပဲ။

Q: မင်္ဂလာညစာစားပွဲမှာ ဝတ်ဆင်ခဲ့တဲ့ အဝတ်အစားလေးတွေကရော ဘယ်သူ့လက်ရာလေးတွေလဲ။

A: မင်္ဂလာဝတ်စုံတွေကတော့ သတို့သမီးဝတ်စုံက Silk & Style ဖြစ်ပြီး သတို့သားဝတ်စုံကတော့ York Bespoke ဖြစ်ပါတယ်။

Q: မိတ်ကပ်ပညာရှင်နဲ့ ဓာတ်ပုံမှတ်တမ်းအတွက် Photographer ကရော ဘယ်သူတွေပါလဲ။

A: မိတ်ကပ်ပညာရှင်ကတော့ မေဦးဖြစ်ပြီး မင်္ဂလာညစာစားပွဲရဲ့ မှတ်တမ်းတင်ဓာတ်ပုံပညာရှင်ကတော့ ကိုလင်းထွန်း (Life Photography)ပဲ ဖြစ်ပါတယ်။

Q: လှပပြီးချစ်စရာကောင်းတဲ့ ဒီညစာစားပွဲလေးအတွက် အခမ်းအနားပြင်ဆင်ပေးတဲ့အဖွဲ့ကိုလည်း သိပါရစေ။

A: ဒီပွဲလေးအတွက် အခမ်းအနားပန်းအလှဆင်ဖို့ကိုတော့ S&S (Events & Floral Service) ကို အပ်ခဲ့တာပါ။

ပျော်ရွှင်ကြည်နူးစရာကောင်းလှတဲ့ ဒီမင်္ဂလာညစာစားပွဲလေး၏ ခံစားချက်အတွေ့အကြုံတွေကို ပြန်လည်ဝေမျှပေးတဲ့ ကိုကျော်ထက်ဇော်နဲ့ မဖြူယမင်းသူတို့ဇနီးမောင်နှံကို Susan’s Bridal Magazine ကျေးဇူးအထူးတင်ပါတယ်နော်။

ကဏ္ဍအလိုက် ဖတ်ရှုရန်



အချစ်အိပ်မက်ကမ္ဘာထဲက အချိုမြိန်ဆုံးစိတ်ကူးတွေကို လက်တွေ့အကောင်အထည်ဖော်ထားတဲ့ ကိုပြည့်ဖြိုးနဲ့မခိုင်မွန်ဝါတို့ရဲ့ ကြည်နူးစရာကောင်းလှတဲ့ ကမ်းခြေကမင်္ဂလာပွဲလေးဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မင်္ဂလာဆောင်ပွဲတွေ အမျိုးမျိုးလုပ်ကြပေမယ့် ကမ်းခြေမှာကျင်းပတဲ့မင်္ဂလာပွဲမျိုးကတော့ ခပ်ရှားရှားပါပဲ။ ကဗျာဆန်ဆန်ချိုမြိန်လှပတဲ့ Beach Wedding လေးမှာ ကိုပြည့်ဖြိုးနဲ့မခိုင်မွန်ဝါတို့ ချစ်ဇနီးမောင်နှံ တူနှစ်ကိုယ် ယှဉ်တွဲလို့ ပြုံးပျော်ကြည်နူးနေကြတဲ့ မင်္ဂလာပွဲမှတ်တမ်းဓာတ်ပုံလေးတွေကိုကြည့်ပြီး အပျော်တွေတောင် ကူးစက်လာသလိုပါပဲ။ ဟန်ဆောင်မှုတွေမပါဘဲ လွတ်လွတ်လပ်လပ် ပျော်ရွှင်ဖွယ်ကောင်း လှတဲ့ ဒီBeach Wedding လေးအကြောင်းကို သတို့သမီးမခိုင်မွန်ဝါနဲ့တွေ့ဆုံပြီး ခုလိုမေးမြန်းဖြစ်ခဲ့ပါတယ်။

Q: မင်္ဂလာပွဲကိုငွေဆောင်မှာလုပ်ဖြစ်ခဲ့ပုံလေးက…။
A: ၂၀၁၂ခုနှစ် သူငယ်ချင်းတွေနဲ့ခရီးသွားတုန်းက BOB Hotel ရဲ့ Fishermen Bar နေရာကိုစတွေ့ကတည်းက စိတ်ကူးယဉ်ခဲ့တာ။ အဲဒီတုန်းက ရည်းစားဘဝပဲရှိသေးတာဆိုတော့တစ်ယောက်နဲ့တစ်ယောက်မပြောဖြစ်ခဲ့ ပေမယ့် ခင်ပွန်းလောင်း Proposal လုပ်ကတည်းက Beach Wedding လုပ်ချင်တယ်။ BOB က Fishermen Bar မှာ လုပ်ချင်တယ်ဆိုပြီး နှစ်ယောက်လုံးတပြိုင်တည်း တိုင်ပင်စရာတောင်မလိုဘဲ ဆုံးဖြတ်ခဲ့တာပါ။ BOB ရဲ့Fishermen Bar က ခိုင်မွန်တို့ရဲ့ Love at First Sight ပေါ့။
Q: မင်္ဂလာပွဲအတွက်အချိန်ဘယ်လောက်ယူပြီးပြင်ဆင်ခဲ့ရလဲ။
A: လက်ထပ်ခွင့်တောင်းပြီး တစ်နှစ်လောက်နေမှ စပြီးစီစဉ်ခဲ့တာ။ Wedding Dress နဲ့ Prewedding Photographyက အချိန်အကြာဆုံး ယူရတယ်။ ကိုယ်ကြိုက်တဲ့ဝတ်စုံရှိပေမယ့် Photography မကြိုက်မချင်း အချိန်ပေးပြီး ခိုင်မွန်ကိုရှာခဲ့တာပါ။ ကျန်တာတွေကတော့ အဲဒီလောက်မကြာပါဘူး။ Hotel Booking နဲ့ Guest List ကိုတော့ RSVP Confirm ဖြစ်မှဘဲ လှုပ်ရှားလို့ရတာမို့ပါ။
Q: မင်္ဂလာပွဲအတွက် Make Up Artist & Hair Stylist ကရော…?
A: Make Up ကို Phyo Day By Day ညီမလေးဖြိုးပြည့်စုံထွန်းက ခိုင်မွန်တို့ငယ်သူငယ်ချင်းရဲ့ ဇနီးဆိုတော့ ဖြိုးက Bridal Make Up မလုပ်ပေမယ့်လည်း ခိုင်မွန်အတွက်လုပ်ပေးပါဆိုပြီး ပူဆာခဲ့တာ။ ဖြိုးရဲ့ Talent က ခိုင်မွန်လို သာမန်ရုပ်ရည်နဲ့လူတောင် အရမ်းလှသွားတာ။ Photo တွေ ပြန်ကြည့်တိုင်း ချီကျူးလို့မဆုံးဘူး။ ဆံပင်အတွက်ကိုတော့ ဝေယံကို ရန်ကုန်ကနေခေါ်လာတာ။ ခိုင်မွန်က ဂျီးများတော့ အမျိုးမျိုးစမ်းပြီး စိတ်ရှည်လက်ရှည်နဲ့ မငြိုမငြင်လုပ်ပေးတာ။
Q: Wedding Dress ရွေးဖြစ်ခဲ့ပုံလေးပြောပေးပါဦး။
A: Labelle Couture Singepore ဝတ်စုံကို ရန်ကုန်ထိအောင်ယူလာတာ။ ကိုယ်တိုင်းနဲ့ချုပ်ခိုင်းတာထက် သူတို့ရှိတဲ့ဝတ်စုံက ပိုပြီး အဆင်ပြေမယ်။ ခိုင်မွန်ကိုယ်တိုင်ဝတ်ကြည့်ပြီးရွေးလို့ရမယ်ဆိုတော့လေ။ On rack ကိုပဲရွေးလိုက်တာ။ ခိုင်မွန်ကပိန်တော့ Alternationကို သေချာလုပ်ပေးတယ်။ ဝတ်စုံ၂စုံ ရွေးဖို့ကိုတောင် အနည်းဆုံး (၁၅)စုံလောက်ပေးပြီး ဝတ်ကြည့်စေပါတယ်။ Service လဲကောင်း၊ Collection လဲကောင်းပါတယ်။
Q: ပန်းအပြင်အဆင်အတွက်ရော ဘယ်လိုစီစဉ်ခဲလဲ။
A: ပန်းအသင်းက အဒေါ်က ခိုင်မွန်တို့ကိုချစ်လွန်းလို့ လက်ဖွဲ့အနေနဲ့ ပန်းတွေကို ရန်ကုန်ကနေသယ်လာပြီး လုပ်ပေးခဲ့တာ။
Q: အခန်းအနားမှူးက ဘယ်သူလဲ။
A: ခိုင်မွန်တို့ရဲ့ အချစ်ဆုံးသူငယ်ချင်းက အခန်းအနားမှုးပါ။ သူက ခိုင်မွန်တို့အကြောင်း အကုန်သိ၊ စကားလည်းပြောတတ်၊ အားလုံးကိုလည်း သိတဲ့သူပေါ့။
Q: Photography အတွက် ဘယ်သူ့ကို ရွေးဖြစ်ခဲ့လဲ။
A: Kingsmen က ကိုထူးပြည့်စုံပါ။ အစကမသိပေမဲ့ စနေနေ့မနက် ငွေဆောင်ရောက်လာကတည်းက သူအထုတ်ချပြီး ခိုင်မွန်တို့ ပြင်ဆင်နေတာကိုလိုက်ရိုက်။ Wedding Photographyက အရမ်းကိုခက်ခဲပေမယ့် ဘယ်သူမှ Miss Out ဖြစ်မသွားအောင် Capture လုပ်ပေးလို့ အရမ်းကိုကျေးဇူးတင်မိတယ်။
Q: Videography အတွက် ဘယ်လိုစီစဉ်ဖြစ်ခဲ့လဲ။
A: မင်္ဂလာဆောင်ကိုလာမယ့် သူငယ်ချင်းတွေထဲမှာ Green Box Creative Agency က CEOs တွေလည်း ပါပါတယ်။ သူတို့က Wedding Service တွေ မလုပ်ပေမယ့် သူတို့ရဲ့ Green Box Team အရည်အချင်းကို သိတော့ သူတို့ကို ရိုက်ပေးပါ။ Something Creative ကိုဖြိုးက Documentary ကိုရိုက်ရင် ရိုက်မယ်ပြောတော့ အရမ်းကိုအဆင်ပြေသွားတာ။ ခိုင်မွန်တို့ကလဲ လူတွေကို ဦးနှောက်လိုက်စားနေတာ။ ပုံမှန် shots တွေဆို မကြိုက်တာနဲ့ အတော်ဘဲဖြစ်သွားတာ။
Q: မင်္ဂလာပွဲနဲ့ပက်သတ်ပြီး အမှတ်တရအဖြစ်အပျက်လေးရော ရှိခဲ့လား။
A: အမှတ်တရတွေကတော့ အများကြီးပဲ။ မင်္ဂလာဆောင်ကFeb20th ဆိုတော့ Fed14th ငွေဆောင်ကိုရောက်၊ Venue အတွက် Preparation တွေ၊ Hotel Room ကအစ ကိုယ်တိုင် Hotel နဲ့ ပြင်ဆင်၊ နောက်ဆုံးမီးကြိုးနဲ့ ပန်းကအစ အရမ်းဗျာများနေတာ။ ပွဲမစခင် နှစ်နာရီလောက်ထိ ခိုင်မွန်နေပူအောက်မှာ မျက်နှာသုတ်ပဝါ ခေါင်းပေါ်တင်ပြီး ပြေးနေတုန်း။ နောက်ဆုံး Make Up ပြင်နေရင်း ဓာတ်ပုံဆရာကိုထူးပြည့်စုံက “ညီမလေးစီးမယ့်ဖိနပ်ကဘယ်မှာလဲ”လို့မေးတော့ ခိုင်မွန်က“ဖိနပ်မပါဘဲ လမ်းလျှောက် မှာ”လို့တောင်ပြောလိုက်သေးတယ်။ အချိန်တန်တော့ Hotel က Buggy နဲ့Bell Boy မောင်လေးက လာခေါ်တော့ အပြေးအလွှားတက်လိုက်ပြီး လမ်းလျှောက်တဲ့အထိတောင် Hotel ကပေးတဲ့ ဂျပန်ဖိနပ်ကို ချွတ်ဖို့သတိလုံးဝမရတာ။ လှေကားဆင်းတော့ အားလုံးက ဝိုင်းရယ်ကြရော။ ခိုင်မွန်ရဲ့အဖြစ်က အရမ်းကို ရယ်ရတာ။ အလွဲပေမယ့်လည်း အမှတ်တရအလွဲလေးဖြစ်ခဲ့ရပါတယ်။
ခုလိုကြည်နူးပျော်ရွှင်စရာကောင်းလှတဲ့ Beach Wedding လေးရဲ့ အတွေ့အကြုံလေးကို ပြန်လည် ဝေမျှပေးတဲ့အတွက် ကိုပြည့်စုံနဲ့ မခိုင်မွန်ဝါတို့ကို Susan’s Bridal Magazineက အထူးပင်ကျေးဇူးတင်ရှိပါ တယ်။ ပျော်ရွှင်မှုတွေနဲ့အတူ ဖြောင့်ဖြူးသာယာတဲ့မိသားစုဘဝလေး ပိုင်ဆိုင်ပါစေလို့လည်း တောင်းဆုပြုလိုက်ပါ တယ်။

¬¬¬

ကဏ္ဍအလိုက် ဖတ်ရှုရန်