Image

COVID- 19 ရောဂါကြောင့် သင်တို့ရဲ့ မင်္ဂလာပွဲကို ဘယ်လိုလုပ်သင့်လဲ???

Image

စာရေးသူ Susan Wedding မှ
ဧပြီ 2, 2020 နေ့တွင်
Wedding Planing Tips
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

သင်တို့ရဲ့ မင်္ဂလာပွဲက အားလုံးစီစဉ်ပြီးနေပြီ ဒါပေမယ့် COVID-19 ကြောင့် သင့်ရဲ့ မင်္ဂလာပွဲကို ရွှေ့ဆိုင်းရမှာ (သို့မဟုတ်) cancel လုပ်ရမှာတွေဟာ ယခုလက်ရှိမင်္ဂလာဆောင်မယ့် စုံတွဲတွေ ရင်ဆိုင်နေရတဲ့ ပြသနာဖြစ်ပါတယ်။ ရက်ရွှေ့ရမယ်၊ cancel လုပ်ရမယ်ဆိုရင်တောင် စိတ်ဓာတ်ကျမနေဖို့နဲ့ သေသေချာချာ စဉ်းစားဆုံးဖြတ်ဖို့ လိုပါတယ်။ ဒီပြသနာဟာ စုံတွဲတွေအတွက် တော်တော်လေးခေါင်းခဲစရာဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုလုပ်သင့်လဲဆိုတဲ့အပေါ် အကြံပေးသွားမှာဖြစ်ပါတယ်။
(၁) မင်္ဂလာပွဲကို ရွှေ့သင့်လား (သို့မဟုတ်) ဖျက်လိုက်သင့်လား??
သင်စီစဉ်ထားသလို သင့်မင်္ဂလာပွဲက ရှေ့ဆက်သွားလို့ မရတော့တာကြောင့် မင်္ဂလာပွဲကို ရွှေ့မလား (သို့) ဖျက်သိမ်းမလားဆိုတဲ့အပေါ် စုံတွဲတွေအတွက် စဉ်းစားဖို့ လိုလာပါပြီ။ မင်္ဂလာပွဲကို ဘယ်သူပဲထောက်ပံ့ပေးထားထား မင်္ဂလာပွဲအတွက် ဆုံးဖြတ်ချက်ကိုတော့ စုံတွဲတွေကြားပဲပြုလုပ်သင့်ပါတယ်။ တကယ်လို့ ရက်ရွှေ့မယ်ဆိုရင် နှစ်ဦးသားတိုင်ပင်ပြီး ဆုံးဖြတ်သင့်ပါတယ်။ ရက်မြတ်မင်္ဂလာအတွက် လူကြီးသူမတွေကို နှစ်ဦးသားတိုင်ပင်ပြီးမေးလို့ရသလို ဗေဒင်မေး၍လည်း ရက်မြတ်မင်္ဂလာ သတ်မှတ်လို့ရပါတယ်။

(၂) မင်္ဂလာပွဲလာဖို့်ဖိတ်ထားတဲ့ ဧည့်သည်တွေကို ဆက်သွယ်တဲ့အခါ….
သင့်မင်္ဂလာပွဲကို ရွှေ့ဆိုင်းလိုက်ကြောင်းဖြစ်နိုင်ရင် မြန်မြန်လေး အကြောင်းကြားဖို့ အကြံပေးချင်ပါတယ်။ ရက်တိတိကျကျမထွက်သေးပေမယ့် သင်မျှော်မှန်းထားတဲ့ရက်ကို ဧည့်သည်တွေ ကြိုတင်ပြင်ဆင်နိုင်အောင် ပြောပြထားနိုင်ပါတယ်။
(၃) ဘယ်သူ့ကို အရင်ဆုံးစပြီး ဆက်သွယ်မလဲ?
သင်က မင်္ဂလာပွဲကို Planner နဲ့ မဟုတ်ဘဲ ကိုယ်တိုင်စီစဉ်နေတာဆိုရင် သင့်မိသားစု၊ သင့်လက်တွဲဖော်နဲ့ အရင်ဆုံးတိုင်ပင်သင့်ပါတယ်။ တခြားဘယ်သူနဲ့မှမဆက်သွယ်ခင် သင့်စိတ်ထဲရှိတာကို ဖွင့်ဟတိုင်ပင်သင့်ပါတယ်။ ဒါပြီးရင် သင့်ပွဲအတွက် ခန်းမနဲ့ အကျွေးမွေးတာဝန်ယူရသူတွေကို ပြောပြတိုင်ပင်ပါ။ သူတို့ဆီမှလည်း အကြံကောင်းရလာနိုင်ပါတယ်။ သင့်မင်္ဂလာပွဲကို ဖျက်သိမ်းခြင်း မပြုလုပ်ဖို့ အကြံပေးချင်ပါတယ်။
(၄) Suppliers များနှင့် ဆက်သွယ်ခြင်း
သင့်မင်္ဂလာပွဲရက်ကို ရွှေ့လိုကြောင်းနဲ့ ဖျက်သိမ်းလိုကြောင်း သင့် suppliers တွေကို ပြောပြဖို့အတွက် Email ပို့ပြီးပြောဖို့ အကြံပြုချင်ပါတယ်။ ဖုန်းနဲ့ပြောထားတဲ့ စကားတွေကို ပြန်မှတ်မိအောင် ကြိုးစားနေရတာထက် Email နဲ့ ပို့ထားတဲ့ စာသားတွေကို ပြန်ရှာပြီး ရည်ညွှန်းတာက ပိုလွယ်ကူတာမို့လို့ပါ။ သင့်မင်္ဂလာပွဲကလည်း နီးလာပြီ၊ သင်လည်းဖုန်းခေါ်ထားတယ်ဆိုပေမယ့် တခြားတစ်ဖက်ကလည်း အခုအချိန်မှာ မင်္ဂလာပွဲတွေ အများကြီးကို စီစဉ်ပေးနေရတာကြောင့် ပုံမှန်ထက် နည်းနည်းတော့ ပိုစောင့်ဖို့လိုအပ်ပါမယ်။ အကယ်၍ ကိုယ်ရွေးချယ်ထားတဲ့ Photographer နဲ့ Make-up Artist က တခြားလက်ခံထားတဲ့ ပွဲတွေနဲ့ တိုက်နေခဲ့မယ်ဆိုရင် ဘယ်လိုလုပ်သင့်လဲ ဆွေးနွေးပါ။ သူတို့လည်း သင့်မင်္ဂလာပွဲအတွက် အကောင်းဆုံးလုပ်ဆောင်ပေးကြမှာ ဖြစ်ပါတယ်။
(၅) နှစ်လည်ပိုင်း မင်္ဂလာဆောင်များနှင့် နိုင်ငံရပ်ခြား မင်္ဂလာဆောင်များ
ယခုလက်ရှိ နယ်စပ်နဲ့ ခရီးသွားလာခွင့်တွေ ကန့်သတ်ပိတ်ပင်ထားတာကြောင့် သင့်မင်္ဂလာပွဲကို ရွှေ့လိုက်တာက ပိုကောင်းပြီး ပိုစိတ်ချရပါတယ်။ (သို့) ဒီနှစ်သင့်ရဲ့ မင်္ဂလာနေ့ရက်ကို နောင်နှစ်အဲ့နေ့ရက်ကိုပဲ ကျင်းပဖို့ ရွှေ့ဆိုင်းလိုက်တာလည်း ကောင်းပါတယ်။
(၆) မင်္ဂလာနေရာ
သင်လည်း သင့်ရဲ့ မင်္ဂလာနေ့ရက်အတွက် ရင်ခုန်စိတ်လှုပ်ရှားနေမှာဖြစ်တာကြောင့် Plan B အနေနဲ့ အစီအစဉ်ကောင်းတစ်ခု ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အခြေအနေ မတည်ငြိမ်သေးတာကြောင့် နောက်ထပ်အစီအစဉ်ထပ်ပြောင်းတာက ဆိုးကျိုးရှိနိုင်ပါတယ်။ အရင်က သင်ရည်မှန်းထားတဲ့ မင်္ဂလာဆောင်မဟုတ်ဖူးဆိုတဲ့ ခံစားချက်ကိုလည်း ခံစားရနိုင်တာကြောင့် ဒီအချိန်မှာ စိတ်ရှည်သည်းခံပြီး စောင့်နေပေးဖို့ လိုပါတယ်။


(၇) မင်္ဂလာပွဲစီစဉ်သူများအတွက်
သင်က မင်္ဂလာပွဲစီစဉ်တဲ့သူဖြစ်ခဲ့မယ်ဆိုရင် လက်ရှိမှာ အားလုံးကို ရပ်ဆိုင်းလိုက်ဖို့ အကြံပေးချင်ပါတယ်။ သင်က wedding planner ဆိုရင် suppliers တွေအားလုံးနဲ့ အဆက်အသွယ်မပြတ်ရှိနေဖို့နဲ့ လုပ်ရမယ့်အရာတွေ အားလုံးကို စာရင်းလုပ်ထားဖို့လည်း အကြံပေးချင်ပါတယ်။
(၈) ဒေါသထွက်လွယ်သော customer များနှင့် ဆက်ဆံခြင်း
အကယ်၍ သင်က planner (သို့) supplier ဖြစ်ခဲ့မယ်ဆိုရင် အရေးကြီးဆုံးအချက်က စုံတွဲနဲ့ သင်တို့ကြားနှစ်ဦးနှစ်ဖက် နားလည်မှုရှိနေဖို့ဖြစ်ပါတယ်။ မရေရာမသေချာမှုကြောင့် ဒေါသထွက်လွယ်တဲ့၊ စိတ်ဆက်လွယ်တဲ့ customers တွေကိုဆက်ဆံတဲ့အခါ wedding planner နဲ့ suppliers တွေရဲ့စကားပြောချိုသာမှုက စိတ်ကို ပြေလျော့သွားစေနိုင်ပါတယ်။
(၉) မင်္ဂလာဆောင်ဖျက်သိမ်းခြင်း
သင့်မင်္ဂလာပွဲကို ဖျက်သိမ်းမယ်ဆိုတာဟာ သင့်အတွက် တော်တော်ခဲယဉ်းခဲ့လိမ့်မယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ သင်ဖိတ်ကြားထားတဲ့ ဧည့်သည်တွေကို အကြောင်းကြားတဲ့အခါမှာ email နဲ့ ဆက်သွယ်ပေးဖို့ အကြံပေးချင်ပါတယ်။ Email နဲ့ ဆက်သွယ်အကြောင်းကြားပေးတာဟာ ထိရောက်မှုရှိပြီး သင့်ရဲ့စိတ်ထိခိုက်မှုနဲ့ စိတ်ဖိစီးမှုကိုလည်း လျော့ကျစေနိုင်ပါတယ်။ Email အသုံးမပြုတဲ့သူတွေအတွက် စာပို့ပေးတာ၊ ဖုန်းခေါ်ပြီးတော့လည်း အကြောင်းကြားပေးနိုင်ပါတယ်။
၂၀၂၁ ထဲမှာဆိုရင်ရော??
(၁၀) မင်္ဂလာပွဲများ
ယခုလက်ရှိမှာ ဘယ်အရာမှ မသေချာသေးတဲ့အတွက် ၂၀၂၁ ပွင့်လင်းရာသီမှာ လက်ထပ်ချင်တယ်ဆိုရင် အဲ့အတွက် သင့်အမြင်ကရော ဘယ်လိုဖြစ်လိမ့်မလဲ?? စုံတွဲတွေကို စိတ်မလောဖို့၊ စောင့်နေဖို့၊ နားစွင့်နေဖို့နဲ့ ဘယ်အရာကိုမှ ငွေပေးချေမထားသေးဖို့ကို ပြောချင်ပါတယ်။ မင်္ဂလာပွဲတွေအများကြီး စုပုံနေတဲ့အတွက်ရော၊ သင်ရွှေ့ပြောင်းမယ့်ရက် အဆင်ပြေ၊ မပြေစဉ်းစားဖို့အတွက်ရော လအနည်းငယ်လောက် အချိန်ယူဖို့လိုပါတယ်။
(၁၁) နစ်နာမှုရှိသွားတဲ့ စုံတွဲများအတွက်
မင်္ဂလာပွဲရွှေ့လိုက်ရတာ သတို့သမီးတော်တော်များများအတွက် စိတ်ထိခိုက်နေမယ်ဆိုတာ နားလည်ပေးနိုင်ပါတယ်။ ရွှေ့လိုက်ရတဲ့ မင်္ဂလာပွဲအတွက်လည်း စိတ်နှစ်ထားဖို့လိုပါတယ်။ သို့မှသာ ယခင်က သင်မှန်းထား၊ စီစဉ်ထားတဲ့ မင်္ဂလာပွဲအတိုင်း ဖြစ်လာနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ် ထူးထူးခြားခြားလေးလည်း ဖြစ်သွားနိုင်ပါတယ်။ အရင်နဲ့ မတူတဲ့ စိတ်ကူးစိတ်သန်းတွေကိုတောင်မှ ဒီအချိန်မှာ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။ ယခု သင်အသစ်ထပ်စီစဉ်ထားတဲ့ အစီအစဉ်ကိုတောင် ပိုနှစ်သက်မိသွားလိမ့်မယ်လို့ သင်လုံးဝထင်ခဲ့မိမှာ မဟုတ်ပါဘူး။ သင့်ဘဝအတွက် လုံးဝမမေ့နိုင်မယ့် သင့်ရဲ့မင်္ဂလာပွဲ လုံးဝဖြစ်မြောက်ရမယ်လို့ သင်မင်္ဂလာဆောင်တဲ့နေ့ထိ တထစ်ချ မှတ်ယူထားဖို့လည်း လိုပါတယ်။

ကဏ္ဍအလိုက် ဖတ်ရှုရန်

လူကြည့်များသော ဆောင်းပါးများ

ဆက်စပ် ဆောင်းပါးများ

သတို့သားလောင်းတွေအတွက် ပွဲနေ့မှာ ဆောင်ရန် ရှောင်ရန် 

သတို့သားလောင်းတွေအတွက် ပွဲနေ့မှာ ဆောင်ရန် ရှောင်ရန် 

သတို့သားလောင်းတွေအတွက် ပွဲနေ့မှာ ဆောင်ရန် ရှောင်ရန်  မကြာခင်မှာပဲ ပွဲနေ့ကြီးကို ရင်ဆိုင်ကြရတော့မှာ ဖ…

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ

ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ သတို့သားသတို့သမီးတွေအတွက် ခန်းမေ…

မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု

မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု

မင်္ဂလာသတို့သားသတို့သမီးတို့အတွက် မင်္ဂလာပွဲတစ်ခုစီစဉ်ဖို့ရာ အဓိက အကျဆုံးက မင်္ဂလာရက်မြတ်သတ်မှတ်ခြင်…

အထူးပရိုမိုးရှင်းတွေနဲ့ အတူ ရှိနေမယ့် Romance by Melia

အထူးပရိုမိုးရှင်းတွေနဲ့ အတူ ရှိနေမယ့် Romance by Melia

MELIA Yangon Hotel  ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ မင်္ဂလာမေ…

လအလိုက်ကြည့်ရှုရန်