Image
ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ
Image
စာရေးသူ Susan Wedding မှ
ဩဂုတ် 9, 2019 နေ့တွင်
Wedding Planing Tipsဆောင်းပါး
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။
ပြီးပြည့်စုံသည့်ဝန်ဆောင်မှုများဖြင့် စောင့်ကြိုနေမည့် မင်္ဂလာခန်းမ
unicode ဖြင့်ဖတ်ရန်
>>>>>>>>>>>>
သတို့သားသတို့သမီးတွေအတွက် ခန်းမရွေးချယ်ရာမှာ အထောက်အကူဖြစ်စေမယ့် အကြောင်းအရာလေး တစ်ခုကို Susan’s Wedding Guide ကနေ ဖော်ပြပေးချင်ပါတယ်။ အခုဆို ရန်ကုန်မှာ အသစ်ဖွင့်လာတဲ့ဟိုတယ်တွေ၊ မင်္ဂလာခန်းမတွေ အများကြီးရှိလာပြီနော်။ ဒီခန်းမတွေထဲကမှ ကိုယ့်ပွဲအတွက် အသင့်တော်ဆုံ ဖြစ်မယ့် ခန်းမကို မှန်ကန်စွာရွေးချယ်နိုင်ဖို့က အရေးကြီးပါတယ်။ ဒီတစ်ခေါက် အကြံပြုပေးချင်တာကတော့ Gandamar Grand Ballroom ပါ။ ကျယ်ဝန်းတဲ့ကားပါကင်၊ ကောင်းမွန် ဧည့်ဝတ်ကျေပွန်တဲ့ ဝန်ဆောင်မှု၊ လှပခေတ်မီတဲ့ ခန်းမအပြင်အဆင်တွေက စိတ်ကျေနပ်မှုအပြည့်ပေးနိုင်မှာပါ။ ရောက်ဖူးတဲ့သူတွေကတော့ခမ်းနားလှပကျယ်ဝန်းတဲ့ ခန်းမကို ပြေးမြင်ကြမှာပဲနော်။ မရောက်ဘူးသေးတဲ့ သူတွေအတွက် လည်းဒီနေရာကနေ မျှဝေပေးချင်ပါတယ်။
ခန်းမကတော့ ဧည့်သည် ၁၂၀ဝ ဦးအထိဆံ့ပါတယ်။ နှစ်ဖက်မိတ်ဆွေများတဲ့ သူတွေအတွက် ခန်းမ ကြီးကြီးရှာနေရင်တော့ အသင့်တော်ဆုံးပါပဲလို့ပြောပါရစေ။ မင်္ဂလာခန်းမအတွက် လိုအပ်တဲ့ နောက်ခံစာသား၊ မီး၊ အသံစနစ်တွေအပြင် ပန်းအပြင်အဆင်ကိုပါ ထည့်သွင်းပြင်ဆင်ပေးပါတယ်။ ပွဲမတိုင်ခင်ရိုက်ထားတဲ့ Pre-wedding Slide Show လှလှလေးတွေကို ပြဖို့အတွက် LFD (Large Format Display) ၂ ခုကလည်း အသင့် ပါ။ ကျယ်ဝန်းတဲ့ မိတ်ကပ်ခန်းကိုလည်း စိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။ ထပ်မံပြီး Gandamar Grand Ballroomကနေ လက်ဖွဲ့အဖြစ် မင်္ဂလာကိတ်စီစဉ်ပေးမှာပါ။ Photo Booth အတွက် Frame နဲ့ အလှအပ အပြင်အဆင်တွေလည်း ပါ ပါတယ်။ ထပ်ရမယ့် အခွင့်အရေးတွေက အများကြီးပဲနော်။ နောက်ထပ် အားသာချက် တစ်ခုကတော့ ပွဲနေ့ ဓါတ်ပုံ၊ ဗီဒီယို အတွက် ပုံ ၁၀ဝ နဲ့ DVD ၂ ချပ် ပေးတယ်ဆိုတော့ ဘာလိုသေးလဲပေါ့နော်။
အစားအသောက်အနေနဲ့ Package တွေကတော့ Tea Reception Package ၃ ခုရှိပါတယ်။ မုန့် ၃ခု၊မုန့် ၄ခု၊ မုန့် ၅ခု စသဖြင့် ကော်ဖီ၊ လက်ဖက်ရည်၊ ice cream cake နဲ့ တွဲဖက် တည်ခင်းနိုင်ပါတယ်။  Dim Sum Set မှာလည်း ကော်ဖီ၊ လက်ဖက်ရည်၊ ice cream cake တို့နဲ့ တွဲဖက် ရွေးချယ်နိုင်ပါတယ်။ အရသာအထူးကောင်းမွန်တဲ့ ထောပတ်ထမင်း၊ ဒံပေါက်၊ ကြက်ဆီထမင်း Package တွေလည်းရှိတာမို့ ရွေးချယ်စရာတွေကလည်း အများကြီး ပါ။ ၂၀၁၈အတွက် ဈေးနှုန်းတွေကတော့ ဧည့်သည်တစ်ဦးကို် ၁၂၀၀ဝ ကျပ် ကနေ ၁၅၀၀ဝကျပ် အထိ ရှိပါတယ်။ ဒီ Package တွေအတွက် ခန်းမငှားရမ်းခ ထပ်ပေးစရာမလိုပဲ ဧည့်သည် ဦးရေ အနည်းဆုံး ၃၀ဝ မှ စပြီး ဧည့်ခံနိုင်ပါတယ်။  ၂၀၁၉ အတွက် ဈေးနှုန်းမှာတော့ ၁၀၀ဝကျပ် စီ တက်မှာဖြစ်ပါတယ်။ ပွဲချိန်က တစ်ချိန်ကို ၂ နာရီစာဖြစ်ပြီး တစ်နေ့ ၃ ပွဲလက်ခံကျင်းပပေးနေပါတယ်။  Package တစ်ခုယူရုံနဲ့ အခြားလိုအပ်ချက် များစွာကို တစ်ပြိုင်နက်တည်း ရရှိနိုင်တာကြောင့် မင်္ဂလာမောင်နှံတို့အတွက် ပွဲစီစဉ်ရာမှာ အချိန်ကုန်သက်သာပြီး အပိုကုန်ကျစရိတ်တွေလည်း လျှော့ချနိုင်မှာပါ။
Gandamar Grand Ballroom မှာ မင်္ဂလာအခမ်းအနားအပြင်၊ wedding Dinner ၊  Staff Party၊ Product Launch ၊  မွေးနေ့ပွဲ ၊ ရှင်ပြုနားသအခမ်းအနား၊ အစည်းအဝေးပွဲ၊ ကုမ္ပဏီနှစ်ပတ်လည် အခမ်းအနား၊ Seminar ပွဲအခမ်းအနားများကိုလည်း လိုအပ်ချက်မရှိရအောင် စီစဉ်လက်ခံ ကျင်းပပေးတယ်လို့ သိရပါတယ်။ Gandamar Grand Ballroom ကိုဆက်သွယ်ချင်တယ် ဆိုရင်တော့ ဖုန်း – ဝ၁ ၆၅၇၈၃၄၊ ဝ၉ ၇၈၂၀၉၆၉၄၃။ ဝေဇယန ္တာလမ်း နဲ့ ဂန္ဓမာလမ်းထောင့် မှာ ရှိတဲ့ Gandamar Wholesale ရဲ့ ၃ လွှာမှာပါ။ Facebook Page – Gandamar Grand Ballroom မှာလည်းဆက်သွယ်မေးမြန်းနိုင်ပါတယ် လို့ သတင်းလေးပေးပါရစေ။
မင်္ဂလာမောင်နှံတို့ ချစ်ခရီးလမ်းအစမှသည် ဘဝတစ်သက်တာ အေးချမ်းပျော်ရွှင်ကြပါစေ။
ကဏ္ဍအလိုက် ဖတ်ရှုရန်
လူကြည့်များသော ဆောင်းပါးများ
ဆက်စပ် ဆောင်းပါးများ
မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု
မင်္ဂလာမောင်နှံများအတွက် Central Hotel ၏ ပြီးပြည့်စုံသော ဝန်ဆောင်မှု
မင်္ဂလာသတို့သားသတို့သမီးတို့အတွက် မင်္ဂလာပွဲတစ်ခုစီစဉ်ဖို့ရာ အဓိက အကျဆုံးက မင်္ဂလာရက်မြတ်သတ်မှတ်ခြင်…
အထူးပရိုမိုးရှင်းတွေနဲ့ အတူ ရှိနေမယ့် Romance by Melia
အထူးပရိုမိုးရှင်းတွေနဲ့ အတူ ရှိနေမယ့် Romance by Melia
MELIA Yangon Hotel  ကို ၂၀၁၆ ခုနှစ်မှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး ဒီနှစ်နှစ်အတွင်းမှာ မင်္ဂလာမေ…
ရင်ခုန်စိတ်လှုပ်ရှားစရာ Golden Crab House မင်္ဂလာခန်းမ
ရင်ခုန်စိတ်လှုပ်ရှားစရာ Golden Crab House မင်္ဂလာခန်းမ
ရင်ခုန်စိတ်လှုပ်ရှားစရာ Golden Crab House မင်္ဂလာခန်းမ ရင်ခုန်စိတ်လှုပ်ရှားစရာ မင်္ဂလာပွဲလေးဖြစ်စေဖိ…
LOTTE HOTEL မှ ခမ်းနားလှပသော မင်္ဂလာပွဲများအကြောင်း
LOTTE HOTEL မှ ခမ်းနားလှပသော မင်္ဂလာပွဲများအကြောင်း
 LOTTE HOTEL မှ ခမ်းနားလှပသော မင်္ဂလာပွဲများအကြောင်း မကြာခင်မှာ သီတင်းကျွတ်အချိန်အခါ ရောက်လာပြီမို့…
လအလိုက်ကြည့်ရှုရန်