Image

မီလီယာ ရန်ကုန်၏ အတွက် ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

Image

စာရေးသူ Susan Wedding မှ
အောက်တိုဘာ 30, 2019 နေ့တွင်
Update Events
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကံစမ်းမဲဖွင့်ပွဲအခမ်းအနားကို မီလီယာ ရန်ကုန်၏ Garbo Bar တွင်ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ ကံစမ်းမဲများ သည် မီလီယာရန်ကုန်တွင် မင်္ဂလာဆောင်နှင်းကြမည့် မင်္ဂလာမောင်နှံများအတွက် Wedding Promotion 2019 အနေဖြင့် ဇွန်လ ၂၂ ရက်နေ့မှ စက်တင်ဘာ ၂၂ ရက်နေ့အထိ ပြုလုပ်ပေးခဲ့ခြင်းဖြစ်ပါသည်။

Melia Yangon

အစီအစဉ်တွင် မင်္ဂလာပွဲအတွက် ကြိုတင်စာရင်းပေးသွင်းသော မင်္ဂလာမောင်နှံများအတွက် ဗလာမပါ ကံစမ်းမဲများ ကံစမ်းခွင့် ရရှိခဲ့ခြင်းဖြစ်ပါသည်။ အထူးဆုအနေဖြင့် မင်္ဂလာနှစ်ပတ်လည်ပွဲ ကဲ့သို့သော အမှတ်တရပွဲများ ကျင်းပရာတွင် ပြန်လည် အသုံးပြုနိုင်ရန် ဒေါ်လာ ၁၀၀၀၊ ဒေါ်လာ ၇၀၀၊ ဒေါ်လာ ၅၀၀ စသည့် များအပြင် ဟိုတယ်တွင် တစ်ညတာ တည်းခိုခွင့် များ၊ ဘူဖေးညစာ သုံးဆောင်ခွင့်များနှင့် အခြားဆုမဲပေါင်းများစွာ ပါဝင်ပါသည်။


ပွဲသို့ အထူးဖိတ်ကြားထားသောဧည့်သည်တော်များနှင့်တကွ မင်္ဂလာမောင်နှံ များ၊ မိတ်ကပ်ပညာရှင်များ၊ အဝတ်အစားဒီဇိုင်နာများ၊ မင်္ဂလာပွဲ စီစဉ်သူများမှ တက်ရောက်ခဲ့ကြပါသည်။ ဆုမဲများကို လည်း အထူးဖိတ်ကြားထားသော မီဒီယာများရှေ့မှောက်တွင် ဟိုတယ်၏ တာဝန်ရှိသူများမှ ဖွင့်လှစ်ကြေငြာပေးခဲ့ပါသည်။ ထို့အပြင်တက်ရောက်လာသော ဧည့်သည်တော်များအတွက် Live Music ဖျော်ဖြေမှုများ ၊ စားသောက်ဖွယ်ရာများနဲ့ တည်ခင်းဧည့်ခံခဲ့ပြီး အခမ်းအနား အောင်မြင်စွာ ပြီးဆုံးခဲ့ပါသည်။

လှပခမ်းနားသော မင်္ဂလာခမ်းမနဲ့ အတူ ကောင်းမွန်သော ဝန်ဆောင်မှုများ အပြင် ယခုကဲ့သို့သောအထူး အစီအစဉ်ကောင်းများစွာဖြင့် စောင့်ကြိုလျက်ရှိသော မီလီယာ ရန်ကုန်၏ Ballroom ကြီးတွင် တစ်သက်တာ မမေ့နိုင်စရာ မင်္ဂလာပွဲ ဆင်နွှဲလိုသည့် မင်္ဂလာမောင်နှံများ အနေဖြင့် မီလီယာ ရန်ကုန်၏ မြေညီထပ်တွင် ဖွင့်လှစ်ထားသော Banquet Showroom သို့ လူကိုယ်တိုင်လာရောက် ၍သော်လည်းကောင်း၊ 01 934500 သို့မဟုတ် [email protected] သို့ ဆက်သွယ် စုံစမ်းနိုင်ပါကြောင်း သတင်းကောင်းပါးလိုက်ပါသည်။

 

ကဏ္ဍအလိုက် ဖတ်ရှုရန်

လူကြည့်များသော ဆောင်းပါးများ

ဆက်စပ် ဆောင်းပါးများ

WILL YOU MARRY ME ? Wedding Promotion Week  At Chatrium Hotel Royal Lake Yangon

WILL YOU MARRY ME ? Wedding Promotion Week At Chatrium Hotel Royal Lake Yangon

WILL YOU MARRY ME ? Wedding Promotion Week At Chatrium Hotel Royal Lake Yangon 10th to 16th February…

မင်္ဂလာရာသီအကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင်

မင်္ဂလာရာသီအကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင်

မင်္ဂလာပွဲတစ်ခုဆိုတာ မင်္ဂလာမောင်နှံတစ်စုံအတွက် အထူးအရေးပါတဲ့ အခမ်းအနားပွဲကြီးတစ်ခု ဖြစ်ပါတယ်… ချစ…

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

Chatrium Hotel Royal Lake Yangon မှာ မင်္ဂလာဆောင်ခြင်းဖြင့် တစ်သက်တာ မေ့မရနိုင်သော ပျော်ရွှင်မှု အမှ…

The Gorgeous Luxury Lace ၏ The Biggest Sales Of The Year 2018

The Gorgeous Luxury Lace ၏ The Biggest Sales Of The Year 2018

✔️ 2018 ကို နှုတ်ဆက်ဖို့ December ရဲ့ နောက်ဆုံးနေ့ရက်တွေရောက်နေပြီလေ .. THE BIGGEST SALE OF THE YEA…

လအလိုက်ကြည့်ရှုရန်