Image


Image

စာရေးသူ Susan Wedding မှ
ဇူလိုင် 26, 2019 နေ့တွင်
Update Eventsဆောင်းပါး
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။








Unicode ဖြင့်ဖတ်ရန်

မင်္ဂလာရာသီအကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင်

မင်္ဂလာပွဲတစ်ခုဆိုတာ မင်္ဂလာမောင်နှံတစ်စုံအတွက် အထူးအရေးပါတဲ့ အခမ်းအနားပွဲကြီးတစ်ခု ဖြစ်ပါတယ်… ချစ်သူကာလမှ ဇနီးမောင်နှံအဖြစ် ကူးပြောင်းမယ့် ဒီကာလလေးကို မင်္ဂလာမောင်နှံတိုင်းက အပြီးပြည့်စုံဆုံး၊ အကောင်းမွန်ဆုံးနဲ့ အခမ်းအနားဆုံးသော မမေ့နိုင်စရာ ဘဝမှတ်တိုင် တစ်ခုအဖြစ် မြင်တွေ့လိုကြမှာ သေချာပါတယ် … ဒီလိုလိုအပ်ချက်တွေ၊ အိမ်မက်တွေအတွက် မှန်ကန်တဲ့ ရွေးချယ်မှုတစ်ခုတော့ လိုအပ်ပါတယ်…
မီလီယာရန်ကုန် (Meliá Yangon) မှဒီလိုမင်္ဂလာမောင်နှံတွေရဲ့ လိုအပ်ချက်များကို အပြည့်အဝနားလည်ပြီး အတွေ့အကြုံရှိဝန်ထမ်းများနှင့် အကောင်းမွန်ဆုံး ဝန်ဆောင်မှုများကို မင်္ဂလာမောင်နှံတို့ စိတ်တိုင်းကျဖြစ်အောင် စီစဉ်ဆောင်ရွက်ပေးလျှက် ရှိပါတယ် … ခမ်းနားကျယ်ဝန်းလှတဲ့ မင်္ဂလာခန်းမကြီးထဲမှာ သေသပ်လှပစွာ ပြင်ဆင်ပေးထားတဲ့ မင်္ဂလာအခမ်းအနား ပြင်ဆင်မှုအပြင် ဝါရင့်စားဖိုမှူးများရဲ့ အသေးစိတ်စီမံပေးထားတဲ့မင်္ဂလာစားသောက်ဖွယ်ရာများကလည်းမင်္ဂလာမောင်နှံအတွက်စိတ်အေးချမ်းစွာဖြင့်မင်္ဂလာပွဲဆင်နွှဲဖို့တစ်ခုသာကျန်တော့လောက်အောင် ပြီးပြည့်စုံစေမှာပဲဖြစ်ပါတယ်…
မီလီယာရန်ကုန် (Meliá Yangon) မှာခမ်းနားခေတ်မီစွာ ပြင်ဆင်ထားတဲ့ Ballroom နှစ်ခုဖြင့် မင်္ဂလာပွဲများကို ဝန်ဆောင်မှုပေးလျှက်ရှိပါတယ် … လူဦးရေ ၃၀၀ မှ စတင်ပြီး လူဦးရေ ၆၀၀ ကျော်အထိ တစ်ပြိုင်တည်း တည်ခင်းနိုင်သော Grand Ballroom ကြီးနဲ့ လူဦးရေအနည်းဆုံး ၁၀၀ မှ ၂၀၀ ကျော်ထိ တည်ခင်းဧည့်ခံနိုင်သော Inya Ballroom တို့ဖြစ်ပါတယ်… ဒါ့အပြင် မင်္ဂလာပွဲအတွက် လိုအပ်တဲ့ ခန်းမအတွင်းစင်မြင့်၊ မင်္ဂလာ လျှောက်လမ်း၊ ခန်းမအဝင်ပန်းအပြင်အဆင်များလည်း ပါဝင်မှာဖြစ်ပြီး ပရောဂျက်တာအခမဲ့ အသုံးပြုခွင့်၊ မင်္ဂလာကိတ်နှင့် မိတ်ကပ်ခန်းအသုံးပြုခွင့်တွေလဲ ပါဝင်မှာ ဖြစ်ပါတယ်…
မင်္ဂလာပွဲလာ ဧည့်ပရိတ်သတ်များအတွက်လည်း Tea Reception အနေနဲ့ Package ၃ မျိုးကို ရွေးချယ်နိုင်မှာဖြစ်ပြီး Dinner Package အနေနဲ့လည်း Package ၂ မျိုးကို မင်္ဂလာမောင်နှံမှ စိတ်တိုင်းကျ ရွေးချယ်နိုင်ဦးမှာပဲ ဖြစ်ပါတယ် … မင်္ဂလာမိတ်ကပ်နှင့် ဝတ်စုံ၊ အခမ်းအနားမှူး၊ ဓာတ်ပုံနှင့်ဗီဒီယို၊ တီးဝိုင်းအဖွဲ့များကိုလည်း လိုအပ်သလို အကြံပြု ကူညီဆောင်ရွက်ပေးသွားဦးမှာ ဖြစ်ပါတယ်…
ကြိုတင်စီစဉ်နေသော မင်္ဂလာမောင်နှံများအတွက် ရာသီကြို အထူးလက်ဆောင် အစီအစဉ်တစ်ရပ်ကိုလည်း မီလီယာရန်ကုန် (Meliá Yangon) မှ ဖန်တီးပေးလိုက်ပါပြီ … ဇွန်လ၂၂ရက်နေ့မှ စက်တင်ဘာလ၂၂ ရက်အတွင်းမင်္ဂလာပွဲအတွက် ကြိုတင်စာရင်းပေးသူများအနေနဲ့ အထူးဆု ဒေါ်လာ ၁၀၀၀ အပါအဝင် ဒေါ်လာ၇၀၀၊ ဒေါ်လာ၅၀၀စတဲ့Gift Voucher များကို ကံစမ်းနိုင်မယ့် အခွင့်အရေးကြီးကို ရရှိမှာဖြစ်ပါတယ်…
ဒါ့အပြင် သတ်မှတ်ထားသော လူဦးရေအတိုင်း ကြိုတင်စာရင်းပေးသွင်းပါက မုန့်၁မျိုး အပိုထပ်ဆောင်းပေးခြင်း၊ Premium Lake View (သို့) Junior Suite မှာ တစ်ညတာတည်းခိုခွင့်၊ ယခင်အမြင့်ဆုံး Package မှာသာရရှိတဲ့ အခွင့်အရေးဖြစ်တဲ့ Pre Wedding ရိုက်ကူးခွင့်ပြုခြင်းနှင့် အခြားအခွင့်အရေးပေါင်းများစွာကိုလည်း ခံစားခွင့်ရမှာပဲ ဖြစ်ပါတယ် … ကံထူးရှင်များကို ၂၀၁၉ အောက်တိုဘာလ ပထမအပတ်ထဲတွင် မဲနှိုက်ရွေးချယ်ပေးသွားမှာ ဖြစ်ပြီး မီလီယာရန်ကုန် (Meliá Yangon) ရဲ့ Facebook စာမျက်နှာတွင် ဖော်ပြကြေငြာပေးသွားမှာ ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါတယ်…
ဒီလိုထူးခြားတဲ့ မီလီယာရန်ကုန် (Melia Yangon) ရဲ့ မင်္ဂလာလက်ဆောင် အစီအစဉ်မှာ ပါဝင်ကံစမ်းနိုင်ဖို့ မီလီယာရန်ကုန် (Meliá Yangon) ရဲ့ Banquet Showroom သို့ အမြန်ဆုံးလာရောက်ပြီး မင်္ဂလာမောင်နှံတို့ရဲ့ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲလေးအတွက် ကြိုတင်စာရင်းပေးသွင်းဖို့ ဖိတ်ခေါ်အပ်ပါတယ်… အသေးစိတ်အချက်အလက်များအတွက် မီလီယာရန်ကုန် (Meliá Yangon) Banquet Showroom သို့ လူကိုယ်တိုင်လာရောက်၍ သော်လည်းကောင်း၊ ၀၁-၉၃၄၅၀၀၀ (သို့) [email protected] သို့ ဆက်သွယ်၍သော်လည်းကောင်း မေးမြန်းစုံစမ်းနိုင်ပါတယ်…

ကဏ္ဍအလိုက် ဖတ်ရှုရန်

လူကြည့်များသော ဆောင်းပါးများ

ဆက်စပ် ဆောင်းပါးများ

Say Yes at Chatrium  Dream Wedding Fair 2020  မင်းအတွက်ဆိုအမြဲ “ Yes”

Say Yes at Chatrium Dream Wedding Fair 2020 မင်းအတွက်ဆိုအမြဲ “ Yes”

  မြန်မာ၊ ရန်ကုန်၊ မတ်လ ၄ရက်၊ ၂၀၂၀ခုနှစ်တွင် Chatrium Hotel Royal Lake Yangon မှ ဦးစီးကျင်းပမည့…

WILL YOU MARRY ME ? Wedding Promotion Week  At Chatrium Hotel Royal Lake Yangon

WILL YOU MARRY ME ? Wedding Promotion Week At Chatrium Hotel Royal Lake Yangon

WILL YOU MARRY ME ? Wedding Promotion Week At Chatrium Hotel Royal Lake Yangon 10th to 16th February…

မီလီယာ ရန်ကုန်၏ အတွက် ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

မီလီယာ ရန်ကုန်၏ အတွက် ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကံစမ်းမဲဖွင့်ပွဲအခမ်းအနားကို မီလီယာ ရန်ကုန်၏ Garbo Bar တွင်ကျင်းပပြုလ…

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

Chatrium Hotel Royal Lake Yangon မှာ မင်္ဂလာဆောင်ခြင်းဖြင့် တစ်သက်တာ မေ့မရနိုင်သော ပျော်ရွှင်မှု အမှ…

လအလိုက်ကြည့်ရှုရန်