Image

Say Yes at Chatrium Dream Wedding Fair 2020 မင်းအတွက်ဆိုအမြဲ “ Yes”

Image

စာရေးသူ Susan Wedding မှ
မတ် 4, 2020 နေ့တွင်
Update Eventsဆောင်းပါး
ကဏ္ဍတွင် ထည့်သွင်းရေးသားခဲ့သည်။

 

မြန်မာ၊ ရန်ကုန်၊ မတ်လ ၄ရက်၊ ၂၀၂၀ခုနှစ်တွင် Chatrium Hotel Royal Lake Yangon မှ ဦးစီးကျင်းပမည့် ၂၀၂၀ခုနှစ်တွင် ရန်ကုန်မြို့၏ပထမဦးဆုံး Say “ Yes” at Chatrium မင်းအတွက်ဆို အမြဲ “ Yes” Dream Wedding Fait 2020 ကို မတ်လ (၁၄)ရက်နှင့် (၁၅)ရက် ၂၀၂၀ခုနှစ် နံနက်(၁၀)နာရီမှ ည(၇) နာရီ အထိ(၂)ရက်တိုင်တိုင် ဆိုင်ခန်းပေါင်း (၂၀) ကျော်ဖြင့် ခမ်းနားကြီးကျယ်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

ယခု Chatrium Dream Wedding Fair 2020 ပွဲကြီးတွင် မကြာခင် ရွှေရောင်နေ့ရက်များကို တူနှစ်ကိုယ်တွဲကာ လျှောက်လှမ်းကြမည့် မင်္ဂလာမောင်နှံများအတွက် ရင်သပ်ရှုမောဖွယ်ရာ ကန်ရေပြင်ကြီး ဘေးမှာ ဒဏ္ဍာရီဆန်ဆန် မင်္ဂလာပွဲကျင်းပနိုင်မည့် ရန်ကုန်မြို့၏ ချစ်ကြည်နူးဖွယ်ရာ အကောင်းဆုံး Wedding Venue ဖြစ်သည့်Chatrium Hotel Royal Lake Yangon ၏ ထူးခြားဆန်းသစ်သော ပြင်ဆင်မှုများနှင့်အတူ မိမိတို့၏ မင်္ဂလာပွဲအတွက်လိုအပ်သောဝန်ဆောင်မှုများဖြစ်သည့် One-stop Wedding Service၊ ဓါတ်ပုံနှင့် ဗီဒီယို ရိုက်ကူးရေး၊ ပန်းအလှဆင်ဝန်ဆောင်မှု၊ မင်္ဂလာခန်းဝင်ပစ္စည်းများ၊ မင်္ဂလာဝတ်စုံများနှင့် သတို့သမီး ဖိနပ်ပြခန်းများ၊ အိမ်ရာအရောင်းပြခန်းများအစရှိသဖြင့် ကဏ္ဍစုံလင်စွာဖြင့် ဆိုင်ခန်းပေါင်း ၂၀ကျော်မှ အထူးလျှော့ဈေးအစီအစဉ်များဖြင့် ပါဝင်ပြသသွားမည်ဖြစ်ပြီး ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ ကံစမ်းမဲ အစီအစဉ်များ၊ Talk Show အစီအစဉ်နှင့် Live Music Entertainment Session များဖြင့် မြိုင်ဆိုင်စွာ တင်ဆက်သွားမည်ဖြစ်သည်။

ထို့အပြင် မတ်လ(၁၅)ရက်နေ့ ညနေခင်းတွင်လည်း Chatrium Pool Garden ၌ မြန်မာပြည်၏ ထိပ်တန်း Designer များနှင့်Wedding Studio များဖြစ်သည့်Forever One-stop Wedding Service & Planning၊ Designer Thet Hnin Aye (Dozo)၊ Designer May Thu (His &Her Bridal Couture) နှင့် Dior Heart Wedding Studio တို့ မှ အနုပညာရှင်များနှင့်အတူ Stars & Model International မှ အလှမယ်များမှ စင်မြင့်ထက်တွင် ဝင့်ကြွားစွာ တက်ဆက်ပြသသွားမည့်အပြင် နိုင်ငံကျော် တေးသံရှင်များဖြစ်သည့် ဖြူဖြူကျော်သိန်း၊ ဂျင်းနီနှင့် အိုင်းရင်းဇင်မာမြင့် တို့မှလည်း သီဆိုဖျော်ဖြေသွားမည်ဖြစ်သည်။

အဆိုပါ Say “ Yes” at Chatrium – မင်းအတွက်ဆို အမြဲ “ Yes” Dream Wedding Fair 2020 မှာ စိတ်ဝင်စားသူ ဧည့်သည်တော်များအားလုံး `အခမဲ့´ တက်ရောက်လေ့လာနိုင်မည်ဖြစ်ပြီး ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချမှုကို မတ်လ (၁၄) ရက်နှင့် (၁၅)ရက် နံနက် (၁၀)နာရီမှ ည(၇)နာရီထိ Chatrium Grand Ballroom ၌လည်းကောင်း၊ Bridal Show Parade – မင်္ဂလာဝတ်စုံပြပွဲကို မတ်လ (၁၅)ရက် ညနေ(၆)နာရီတွင် Chatrium Pool Garden လည်းကောင်းခမ်းခမ်းနားနား ကျင်းပသွားမည်၍ လာရောက်ကြည့်ရှုအားပေးကြပါရန် ဖိတ်ခေါ်လိုက်ရပါသည်။

ပွဲကျင်းပစဉ်ရက်အတွင်း Chatrium Hotel Royal Lake Yangon ၏ Dream Wedding Packages များကိုလည်း ၁၅% အထူးလျှော့ဈေးဖြင့် ရောင်းချသွားမည်ဖြစ်ပြီး အတည်ပြု Confirmed  booking ပြုလုပ်သွားမည့် မင်္ဂလာမောင်နှံများအတွက် အထူးအကျိုးခံစားခွင့်များပါဝင်သည့် ကံစမ်းမဲအစီအစဉ်တွင်

1.Chatrium Hotel Royal Lake Yangon ၏တန်ဖိုးအကြီးဆုံး နှင့်တစ်ခန်းတည်းသာရှိသော (၁) ညလျှင် USD     ၁၅၀၀ ကျော်တန်ဖိုးရှိ Royal Lake Suite အခန်းကြီးတွင် Royal Honeymoon Stay တည်းခိုခွင့်

2.ဘန်ကောက်၊ ငပလီနှင့် ဘားအံ့ တို့တွင် Honeymoon ခရီးသွားရောက်လည်ပတ်ခွင့်

၃. Pre-Wedding ဓါတ်ပုံရိုက်ကူးခွင့်

အပါအဝင် အခြားဆုမဲပေါင်းများစွာကို ဆွတ်ခူးနိုင်မှာဖြစ်သောကြောင့် ချစ်သူများအနေဖြင့် လက်မလွှတ်သင့်သော အခွင့်အရေးဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ရပါတယ်။

ချစ်ခြင်းများဖြင့် သင့်ပျံ့နေမည့် Say “ Yes” at Chatrium – Dream Wedding Fair 2020 အောင်မြင်စွာ ကျင်းပနိုင်ရန်အတွက် အစဉ်အမြဲ အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးကြသည့် Platinum Sponsor အဖြစ် Myanmar Been Sponsor များအဖြစ်  Alpine နှင့် Forever One-stop Wedding Service & Planning၊ ပန်းများကို အခမ်းနားဆုံးအလှဆင်ပေးသည့် Floral Partner အဖြစ် His & Her Event and Wedding Studio ၊ Event Partner အဖြစ် Eternity Plus Media & Communications၊ Media Partner များအဖြစ် Kamayut Media နှင့် MNTV၊ Evening Bridal Show Parade တစ်ခုလုံးမှ နိုင်ငံကျော် အနုပညာရှင်များနှင့် Stars & Model International မှ အလှမယ်လေးများကို အလှပဆုံးဖြင့် မှုန်ခြယ်ပေးသွားမည့် Linn Linn (Makeup Artist)တို့ကို Chatrium Hotel Royal Lake Yangon မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။

Chatrium Dream Wedding Fair 2020 တွင် လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏ ဆိုင်ခန်းများလာရောက်ခင်းကျင်းပြသမည်ဖြစ်စေ၊ Sponsor အဖြစ် ပါဝင်ကူညီပံ့ပိုးမည်ဖြစ်စေ Chatrium Hotel Royal Lake Yangon ၏ ဖုန်းနံပါတ် 01 9544500 (သို့) [email protected]သို့ တိုက်ရိုက်ဆက်သွယ်နိုင်ပါသည်။

 

 

 

 

 

 

 

 

ကဏ္ဍအလိုက် ဖတ်ရှုရန်

လူကြည့်များသော ဆောင်းပါးများ

ဆက်စပ် ဆောင်းပါးများ

WILL YOU MARRY ME ? Wedding Promotion Week  At Chatrium Hotel Royal Lake Yangon

WILL YOU MARRY ME ? Wedding Promotion Week At Chatrium Hotel Royal Lake Yangon

WILL YOU MARRY ME ? Wedding Promotion Week At Chatrium Hotel Royal Lake Yangon 10th to 16th February…

မီလီယာ ရန်ကုန်၏ အတွက် ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

မီလီယာ ရန်ကုန်၏ အတွက် ဖွင့်ပွဲ အခမ်းအနားကျင်းပခြင်း

ယနေ့ အောက်တိုဘာလ ၃၀ ရက်နေ့တွင် ကံစမ်းမဲဖွင့်ပွဲအခမ်းအနားကို မီလီယာ ရန်ကုန်၏ Garbo Bar တွင်ကျင်းပပြုလ…

မင်္ဂလာရာသီအကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင်

မင်္ဂလာရာသီအကြို မီလီယာ (Meliá Yangon) ရဲ့ အထူးလက်ဆောင်

မင်္ဂလာပွဲတစ်ခုဆိုတာ မင်္ဂလာမောင်နှံတစ်စုံအတွက် အထူးအရေးပါတဲ့ အခမ်းအနားပွဲကြီးတစ်ခု ဖြစ်ပါတယ်… ချစ…

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

ချယ်ထရီယမ်ဟိုတယ်၏ မုတ်သုံရာသီအထူးအခွင့်ရေးကြီး

Chatrium Hotel Royal Lake Yangon မှာ မင်္ဂလာဆောင်ခြင်းဖြင့် တစ်သက်တာ မေ့မရနိုင်သော ပျော်ရွှင်မှု အမှ…

လအလိုက်ကြည့်ရှုရန်